Blog

What is Mixed Reality?

Mixed Reality ဆိုတာ လက်နဲ့ထိတွေ့ကိုင်တွယ်လိုရတဲ့ Physical ပစ္စည်းတွေနဲ့ ကွန်ပြူတာထဲမှာ ဖန်တီးထားတဲ့ Digital ပစ္စည်းတွေကို တစ်ပြိုင်နက်ထဲမှာ ချိတ်ဆက်လိုရအောင် ပေါင်းစပ်ပေးတဲ့နည်းပညာဖြစ်ပါတယ်။

နောက်တစ်နည်းနဲ့ပြောမယ်ဆိုရင် AR နဲ့ VR ပေါင်းစပ်ပေးထားတဲ့ နည်းပညာလို့ ပြောလို့ရပါတယ်။

What is AR?
(https://sharrtz.org/2021/05/what-is-ar-technology/)

What is VR?
(https://sharrtz.org/2021/05/what-is-virtual-reality/)

ယခုအခါတွင် Mixed Reality အသုံးပြုထားသော Application Saftware ပေါင်းများစွာ ထွက်ရှိနေပြီဖြစ်သလို Mixed Reality အသုံးပြု စက်ပစ္စည်းတွေကလဲ လူတွေရဲ့ လက်ထဲကို ရောက်နေကြပါပြီ။

Mixed Reality ကို Design, Education, Entertainment စတဲ့ နယ်ပယ်တွေမှာ အသုံးများပြီး Military training, health care တွေနဲ့ remote woking နယ်ပယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြပြီဖြစ်ပါတယ်။

Mixed Reality ကို အများဆုံးအသုံးပြုထားတဲ့ Device ကတော့ Microsoft Hololens ပဲဖြစ်ပါတယ်။

What is Virtual Reality

Virtual reality ဆိုတာ လက်တွေ့ကမ္ဘာနဲ့ဆင်တူပြီ လက်တွေ့ကမ္ဘာမဟုတ်တဲ့ တခြားကမ္ဘာတစ်ခုကို တင်ဆက်ပြသပေးတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။

VR experience  ကို အရိုးရှင်းဆုံးပြောရမယ်ဆိုရင် ဥပမာအနေနဲ့ ကွန်ပြူတာထဲမှာဖန်တီးထားမဲ့ စိတ်ကူးရင်ကမ္ဘာတစ်ခုရှိမယ်။အဲတာကို Sharr တို့က ကွန်ပြူတာ ကမ္ဘာလို့ခေါ်မယ်။

အဲဲဒီ ကွန်ပြူတာကမ္ဘာကို Sharr တို့မျက်လုံးထဲမှာ အပြည့်မြင်ရဖို့အတွက် VR headset ဒါမှမဟုတ် Mobile Phone ထဲကို မျက်လုံးရှေ့မှာ ထည့်သွင်းတပ်ဆင်ပြီးတော့ ကြည့်ရှုပေးရမှာဖြစ်ပါတယ်။

VR ကို Entertainment တွေ Video Games တွေမှာ အများဆုံးတွေ့နိုင်ပြီး Education ပိုင်း၊ ဆေးပညာပိုင်း၊ Military Training နဲ့ Business Meeting အစရှိတဲ့ နေရာတွေမှာလဲ တွေ့နိုင်ပါတယ်။ 

ယခုလက်ရှိအနေအထားနဲ့ပြောရရင် မြန်မာနိုင်ငံမှာ VR experience ကို  Moblie ဖုန်းတွေနဲ့ပဲ တွေ့ကြုံကြရတာများပါတယ်။

ဖုန်းကနေတစ်ဆင့် VR Game တွေ  VR Software တွေကို ဆော့နိုင်မယ်၊Video Entertainment အနေနဲ့တော့ youtube မှာ VR Experience တွေကို ခံစားနိုင်မှာဖြစ်ပါတယ်။

VR အတွေ့အကြုံကို VR Box + mobile ဖုန်းဖြင့်သော်လည်းကောင်း၊ VR Headset နဲ့ သော်လည်းကောင်း ရရှိနိုင်ပါတယ်။

VR Headset တွေအနေနဲ့ဆိုရင်တော့ မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုတာမျိုးမတွေ့ရသေးပင်မဲ့ တချို့နေရာတွေမှာတော့ VR Headset တွေကို အသုံးပြုပြီး game ဆော့ရတဲ့နေရာမျိုးတွေကို တွေ့လာရပြီဖြစ်ပါတယ်။

VR headset တွေကို ဥပမာပေးရရင် oculus quest, htc vive, htc vive pro အစရှိသည်တို့ဖြစ်ပါတယ်။

Mobile နဲ့ VR ကြည့်မယ် ဆိုရင်တော့ အကူအနေနဲ့ VR Box ကို ကြားခံအနေနဲ့ထည့်သုံးပြီးတော့ ကြည့်ရပါမယ်။

VR Box တွေကို ဥပမာပေးရရင် Google Cardboard, NOON VR, Remax VR အစရှိသည်တို့ပဲဖြစ်ပါတယ်။

What is AR technology?​

AR ရဲ့အရှည်က Augmented Reality Technology ဖြစ်ပါတယ်။

တချို့တွေကတော့ VR Headset နဲ့သုံးတာမျိုးကို AR နဲ့ မှားနေကြပြီး တချို့တွေက ရုပ်ပုံတွေ Video တွေပေါ်မှာ စာတွေရေးတာကို AR နှင့်မှားနေတတ်ကြပါတယ်။ 

AR ကိုလွယ်လွယ်ပြောရမယ်ဆိုရင် ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးတဲ့ Tech လို့ပဲ ပြောချင်ပါတယ်။

ပထမကမ္ဘာတစ်ခုက Sharr တို့ မျက်လုံးနဲ့ မြင်နေရတဲ့ အစစ်အမှန် ဒီကမ္ဘာကြီးရှိတယ်။ ဒုတိယတစ်ခုက ကွန်ပြူတာနဲ့ ဖန်တီးထားတဲ့ ကမ္ဘာကြီးရှိမယ်။ အဲ့ ၂ ခု ချိတ်ဆက်ပေးတာကို AR လို့ခေါ်ပါတယ်။

လက်တွေ့ ကမ္ဘာမှာ မရှိတဲ့ အရာတွေ၊ မရှိသေးတဲ့ အရာတွေကို ဖန်တီးဖို့အတွက် AR ကို သုံးပါတယ်။ဥပမာအားဖြင့် Sharr တို့ စတိုးဆိုင်မှာ အင်္ကျီတစ်ထည် တွေ့တယ် ဆိုပါစို့။ အဲ့ဒီအင်္ကျီရဲ့ Size၊ ဘာအသားနဲ့ လုပ်ထားတယ်၊ ဘယ်နိုင်ငံက ထုတ်တယ် စတာတွေက မြင်ရုံနဲ့ မသိနိုင်ပါဘူး။သူ့ရဲ့ website ထဲမှာတော့ အဲ့ဒီ အချက်အလက်တွေ အားလုံး ရှိပါတယ်။

ဒီအခြေအနေမှာ AR application သုံးထားတဲ့ Softwareတစ်ခုကို သုံးပြီး အဲဒီအင်္ကျီကို ကြည့်လိုက်မယ်ဆိုရင် ကြည့်တဲ့သူက အင်္ကျီတင်မကဘူး သူ့နဲ့ သက်ဆိုင်ရာ အချက်အလက်တွေပါတဲ့ layer တစ်ခု အပေါ်မှာ မြင်ရမှာ ဖြစ်ပါတယ်။ ဒါကတော့ မရှိတဲ့အရာကို ရှိအောင် ပုံဖော်ကြည့်ခြင်း ဖြစ်ပါတယ်။

အနီးစပ်ဆုံးဥပမာပေးရရင် Pokémon GO ပေါ့နော်။ 

Pokémon အကောင်လေးတွေက Sharr တို့ တကယ့် ကမ္ဘာမှာ မရှိပါဘူး။ ဒါပေမဲ့ ကွန်ပြူတာထဲမှာ ရှိပါတယ်။ Pokémon GO က အဲ့နှစ်ခုကို ချိတ်ဆက်ထားတာပဲ ဖြစ်ပါတယ်။

နောက်တစ်ခုက Sharr တို့ မြန်မာနိုင်ငံရဲ့ Education ပိုင်းမှာ AR ကိုသုံးလာတဲ့ app တစ်ခုရှိပါတယ် အဲတာကတော့”360 ed” ဆိုတဲ့ Application ပါ။

ကလေးတွေရဲ့ ဖတ်စာအုပ်တွေမှာ သုံးပါတယ်။ ကလေးတွေကို နားလည်အောင် 3D သုံးပြီး ရှင်းပြတာမျိုး ဖြစ်ပါတယ်။

First Product “S Love Box” release from SHARRtz.org

SHARRtz.org မှ ပထမဆုံး ရေးဆွဲထုတ်လွှင့်ပေးတဲ့ “S Love Box” application ထွက်ရှိလာပါပြီ။ ဒီ application လေးက AR နည်းပညာကို အခြေခံထားတဲ့ Card service လေးဖြစ်ပါတယ်။ S Love Box icon ပါတဲ့ မည်သည့် ကတ်ပြား၊စာရွက်ကိုမဆို S Love Box application လေးနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ချစ်ဒီစရာ video/ ဓါတ်ပုံ/ စာသား အမှတ်တရတွေကို စာရွက်/ကတ်ပြားလေးထဲမှာ လှို့ဝှက်ထည့်သွင်းပေးပို့နိုင်မှာဖြစ်ပါတယ်။

Application လေးဟာ ချစ်သူ စုံတွဲတွေနဲ့ မင်္ဂလာဆောင်တော့မယ့် မောင်နှံလေးတွေအတွက် အဓိက ပြုလုပ်ထားတာ တွေ့ရှိရပါတယ်။

ချစ်သူ စုံတွဲလေးတွေက ချစ်သူကို ပေးပို့တဲ့ postcard လေးထဲမှာ ထည့်သွင်းပေးပို့လို့ရမှာဖြစ်ပါတယ်။

မင်္ဂလာမောင်နှံလေးတွေကတော့ မင်္ဂလာဖိတ်ကြားလွှာလေးထဲမှာ မိမိတို့ရဲ့ ဖိတ်ကြားမှု video/ ချစ်စရာ video/ ဓါတ်ပုံတွေနဲ့ ဖိတ်ကြားချင်တဲ့ အကြောင်းအရာကို ထည့်သွင်းဖိတ်ကြားလို့ရမှာဖြစ်ပါတယ်။ ဖိတ်စာလက်ခံရရှိသူတိုင်းဟာလည်း မင်္ဂလာမောင်နှံတို့ အလေးထားဖိတ်ကြားမှုကို ခံစားရတဲ့အပြင် မိမိတို့ ထည့်သွင်းပေးလိုက်တဲ့ Video/ ဓါတ်ပုံလေးတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အကြောင်းအရာအပြည့်အစုံကို SHARRtz.org မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

New product “S Love Box” and its service release.

SHARRtz.org launch first product “S Love Box” application.

“S Love Box” is the digital AR application which is designated for every relationship in the world. “S Love Box” deliver love talks and Love through cards and posters. “S Love Box” also designed for digital invitation for couples who are going to be marry.

For any other details, please see here.

See the explanation video below.

SYangon Testing

ဒီနေ့ Application လေး test လုပ်ဖြစ်တယ်။ Test လုပ်မယ်ဆိုပြီး ygnwall art တွေရှိတဲ့ 41,42 st နောက်ဖေးလမ်းကြားရောက်ခဲ့တယ်။ Testing လေးအောင်မြင်တော့ ပျော်ပြီး Share လိုက်ပါတယ်။ ဒီလမ်းလေးမှာလို နောက်ထပ်လမ်းလေးတွေမှာလည်း အမှတ်တရလေးတွေ ဖန်တီးလို့ရအောင် လုပ်ပေးချင်ပါသေးတယ်။ အခု application ပေါ်အမြင်လေးလည်း ပြောကြပါဦး။ သဘောကျသံုးချင်တဲ့သူများရင် play store မှာ free download တင်ပေးမယ်။ Ps. You can see the very talkative me in the video. 😁😁😁

What is LOD?

Level of development (LOD) is a concept with varying definitions and implementations. Core to the concept is that the level of development defines the content and reliability of BIM elements at different stages or milestones. With “content” we mean geometric information, structured data and linked documentation. With reliability we mean for what uses and to what extent the downstream users of the information can trust the accuracy and quality of that content.

The LOD “classes” that we will present will, if correctly used, help you understand the usability and limitations of the modelled elements. And it is not just about the amount of or granularity of information that has gone into a model. It is as much about the quality and trustworthiness of the information that can be extracted from the models.

The LOD Specifications can be used in various ways. You can use them as attachments to contracts and as supplements to BIM Execution plans. As we will see they are also used as references in common standards to describe information management practices.

As a basic premise the LOD specifications acknowledges the different phases for lifecycle BIM, and help specify the needs at every stage. It tries to answer questions like: What are requirements for geometric content and model data for each discipline and each “level”. What is needed for design intent, what is needed for construction collaboration and what is needed for facility management? What information can be carried over between phases and what information needs to be replaced? What links to historic data needs to be kept?

BIM Dimension

Building Information Modelling (BIM) dimensions refer to levels of information and data entered in to a 3D model using BIM software, and includes 3D model data, time data, costs, and sustainability.

  • 1D which involves the program data.
  • 2D involves a design base upon the data that was program
  • 3D: three-dimensional rendering of the artefact
  • 4D: duration analysis
  • 5D: cost analysis
  • 6D: sustainability assessment
  • 7D: management phase of what has been achieved

BIM + VR

Student Show 2018 “A step to BIM World”

ဒီတစ်ခါ BIM+VR အကြောင်းလေး သိသလောက်ပြောပြပါမယ်။

BIM အကြောင်းကတော့ အရှေ့မှာ ပြောခဲ့ပြီးသားဆိုတော့ VR အကြောင်းလေး နည်းနည်းမိတ်ဆက်ပေးပါမယ်။
VR=virtual reality
Computer နဲ့ဖန်တီးထားတဲ့ model ကို တကယ်ရှိနေသယောင် မြင်ရအောင် ဖန်တီးခြင်းတစ်မျိုးပါ။

VR က ဘယ်လိုကောင်းမွန်သလဲ?

VR က အခြေခံအပိုင်းအရဆို Presentation ပိုင်း အရမ်းကောင်းပါတယ်။ လက်ရှိမဆောက်ရသေးတဲ့ အဆောက်အဦးကို ကိုယ့်ရှေ့မှာ မျက်မြင်ကိုယ်တွေ့ရှိနေသယောင်မြင်ရတာဆိုတော့ fancy words သုံးမယ်ဆို ကိုယ်ကိုယ်တိုင် ဖန်တီးထားတဲ့ Imaginary world တို့ dream world တို့ထဲ ရောက်သွားသလိုမျိုးပေါ့ဗျာ။ အခုကျနော်တို့ သွားကြည့်မယ့် BIM model က တကယ့်အပြင်မှာ ဆောက်မယ့်အတိုင်း တည်ဆောက်ထားတာဆိုတော့ ကိုယ့်အိမ် ကိုယ့်ခြံလေး မဆောက်ခင် လှည့်ပါတ်ကြည့်လို့ရတာပေါ့ဗျာ။
အလုပ်သဘောတရားတွေပါ ထည့်ပြောမယ်ဆိုရင် အဲ့ကနေပဲ model ကို checking ဝင်လို့ရတယ်ပေါ့ဗျာ။

အဲ့ဒီမှာ ကျနော်ပြောချင်တာက BIM model ကို VR နဲ့ပြတာ နည်း ၂မျိုးရှိတယ်။

1. Potential way
2. Kinetic way

Potential way ဆိုတာက သူ့ အဓိပ္ပါယ်အတိုင်း မရွေ့ဘူး။ ဘယ်လိုမရွေ့ဘူးလည်းဆိုတော့ ကြည့်နေတဲ့ မြင်ကွင်းက တစ်မျိုးထဲ။ ၃၆၀ တော့လှည့်ကြည့်လို့ရတယ်။ ဘာနဲ့တူလဲဆိုတော့ ကျနော်တို့ ၃၆၀image ကိုကြည့်နေသလိုပဲ။ တကယ်လည်း သူက model ကနေ panorama view ဖန်တီးပြီး Image ထုတ်ထားတာပဲ။ အဲ့ Image ကိုကြည့်နေသလိုပဲ။ ကျနော့်အမြင်ကတော့ သိပ်မဆန်းလှဘူး။ ဒါပေမယ့် 1st experience တွေဖြစ်တဲ့ Client တွေကတော့ Impress ဖြစ်မှာပါပဲ။ နည်းပညာတွေက မြင့်လာပြီလေ။

ကျနော် သဘောကျတဲ့ နောက်တစ်နည်းက Kinetic way ပဲ။ ကျနော်တို့ ဆွဲထားတဲ့ model ကို view တစ်ခုထဲက မဟုတ်ပဲ အဲ့နေရာကို ရောက်ပြီး လှည့်ပါတ်ကြည့်နိုင်တာမျိုး။ ခြံထဲဝင်မယ် အိမ်ထဲဝင်မယ် လျောက်ကြည့်မယ်။ လှေကားပေါ်တက်မယ်။ အခန်းထဲတွေဝင်မယ်။ အိမ်သာထဲရောက်သွားလို့ဆိုပြီးတော့တော့ မဟုတ်တာလုပ်လို့မရဘူးပေါ့ဗျာ။ VR ကြည့်နေသူအမြင်ကသာ အဲ့ကို ရောက်နေတာလေ။ တကယ့်လက်တွေ့မှာက မဟုတ်ဘူးရယ် 😂😂 ကျနော် Student’s Show မှာ အဲ့နည်းလေးနဲ့ ပြတုန်းက တချို့ကတော့ ပါတ်ဝန်းကျင်သတိထားမိတယ် တချို့က လျောက်သွားလျောက်လုပ်ကုန်လို့ လိုက်ထိန်းရသေးတယ်။ 😁 ဒါတောင် ကျနော် walk function နဲ့ မသွားထားပဲ ကြည့်လိုက်တာနဲ့ ကြည့်တဲ့နေရာ တန်းရောက်သွားတာမျိုး လုပ်ထားတာ။ အဲ့တုန်းက Request တက်တဲ့ feedback လေးတွေလည်း သိမ်းထားပါတယ်။
ကဲ လက်တွေ့လုပ်ငန်းခွင်ရော ဘယ်လိုအသုံးဝင်လည်း ပြန်သွားရအောင်။

Kinetic way က လုပ်ငန်းခွင်မှာဆို အတော်အသုံးဝင်တယ်။ ဆောက်နေရင်းဖြစ်ဖြစ် ဆောက်ပြီးရင်ဖြစ်ဖြစ် အဲ့နည်းကို သုံးပြီး အဆောက်အဦးတစ်ခုလုံးကို X-ray ဖြတ်သလို layer တွေကြိုက်သလိုခွဲကြည့်လို့ရတယ်။ ceiling ကာနေလို့မပူနဲ့ ceiling ကိုဖြတ်ပီး အပေါ်က ပိုက်တွေကိုမြင်ရတယ်။ slab ကာနေလိုမပူနဲ့ concrete တွေဖယ်ပြီး သံချောင်းတွေ လှမ်းကြည့်လို့ရတယ်။ တကယ်ဆောက်မယ့်ပုံကဘယ်လိုလဲ On site မှာ ဘယ်လိုလွဲနေတာလည်း checking ဝင်လို့ရတယ်။ site engineer တွေ inspection သမားတွေအတွက် အတော်အသုံးဝင်သည်ပေါ့။

ကဲ VR ဆိုတာ မျက်မှန်လေးတပ်ရုံတင်မပြီး နည်းပညာလေးထပ်သွင်းရင် အရမ်းအရမ်းတွေ အသုံးဝင်ပါကြောင်း။ လုပ်လို့ရတဲ့ နည်းတွေ မျှဝေလိုက်ပါတယ်။ အဖြေလေးတွေ ရှာပြီး အသုံးဝင်ကြပါစေ ရည်ရွယ်လျက် 😄😄

ရေးသားသူ= သျှားသက်ဇော်