AI “Artificial Intelligence” ဆိုတာ Computer စက်ပစ္စည်း အစရှိသည်တို့အတွက် လူတွေရဲ့ အသိဉာဏ်ကို တုပပြီး ထည့်သွင်းထားသော နည်းပညာဖြစ်ပါတယ်။ 

AI ကို နောက်တမျိုး အနေနဲ့ machine learning လို့လဲ ခေါ်ကြပါတယ်။

Sharr တို့ လူသားတွေဟာ အာရုံ ၅ ပါးကို  အာရုံလက်ခံပေးတဲ့ သီးသန့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေက လက်ခံပေးပြီး ဦးနှောက်ကို အကြောင်းအရာ ပို့လွှတ်ကာ တုံ့ပြန်မှု ပြုလုပ်ကြပါတယ်။

Computer နဲ့ စက်ပစ္စည်းတွေ မှာ အဲဒီ အာရုံတွေကို လက်ခံပေးတဲ့ receivers တွေ (ဥပမာ- camera, sensors, keywords etc)က လက်ခံပြီး အသုံးပြုမှု နယ်ပယ်အလိုက် ရေးဆွဲထားသော programming များကတုံ့ပြန်မှု အဖြေများကို ပြန်လည် ပေးပို့ခြင်း နည်းပညာပဲ ဖြစ်ပါတယ်။

ဥပမာ- 

A အတွက် fruit-Apple, Inset-Ant  

B အတွက် fruit-Banana, Inset-Bee

အစရှိတဲ့ keywords တွေကို computer မှတ်ဉာဏ်ထဲ ထည့်သွင်းထားမယ် ဆိုပါစို့။ 

အဲဒီ computer နဲ့ အမေးအဖြေ ပြုလုပ်ရင်အောက်ပါ အဖြေအတိုင်းရရှိမှာ ဖြစ်ပါတယ်။

We ask Question: A fruit

Computer answer: Apple

We ask Question: B Inset

Computer answer: Bee

Keyword AI နဲ့ ပါတ်သက်လို့ Facebook မှာ “Chinese” နဲ့ ပါတ်သက်တဲ့ keywords ရေးသူများ ကြုံတွေ့ဖူးကြပါလိမ့်မယ်။ နောက်တမျိုးပြောရရင် Face Unlock လိုမျိုး Facebook ရဲ့ face recognizing မျိုးတွေကလည်း AI နည်းပညာကို အသုံးပြုပြီး မိမိတို့၏ မျက်နှာ ပုံရိပ်များကို camera မှရယူကာ computer မှတ်ဉာဏ်ထဲ သိမ်းဆည်းပြီး ပြန်လည်တုံ့ပြန်ပေးတာမျိုးဖြစ်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *