Virtual reality ဆိုတာ လက်တွေ့ကမ္ဘာနဲ့ဆင်တူပြီ လက်တွေ့ကမ္ဘာမဟုတ်တဲ့ တခြားကမ္ဘာတစ်ခုကို တင်ဆက်ပြသပေးတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။

VR experience  ကို အရိုးရှင်းဆုံးပြောရမယ်ဆိုရင် ဥပမာအနေနဲ့ ကွန်ပြူတာထဲမှာဖန်တီးထားမဲ့ စိတ်ကူးရင်ကမ္ဘာတစ်ခုရှိမယ်။အဲတာကို Sharr တို့က ကွန်ပြူတာ ကမ္ဘာလို့ခေါ်မယ်။

အဲဲဒီ ကွန်ပြူတာကမ္ဘာကို Sharr တို့မျက်လုံးထဲမှာ အပြည့်မြင်ရဖို့အတွက် VR headset ဒါမှမဟုတ် Mobile Phone ထဲကို မျက်လုံးရှေ့မှာ ထည့်သွင်းတပ်ဆင်ပြီးတော့ ကြည့်ရှုပေးရမှာဖြစ်ပါတယ်။

VR ကို Entertainment တွေ Video Games တွေမှာ အများဆုံးတွေ့နိုင်ပြီး Education ပိုင်း၊ ဆေးပညာပိုင်း၊ Military Training နဲ့ Business Meeting အစရှိတဲ့ နေရာတွေမှာလဲ တွေ့နိုင်ပါတယ်။ 

ယခုလက်ရှိအနေအထားနဲ့ပြောရရင် မြန်မာနိုင်ငံမှာ VR experience ကို  Moblie ဖုန်းတွေနဲ့ပဲ တွေ့ကြုံကြရတာများပါတယ်။

ဖုန်းကနေတစ်ဆင့် VR Game တွေ  VR Software တွေကို ဆော့နိုင်မယ်၊Video Entertainment အနေနဲ့တော့ youtube မှာ VR Experience တွေကို ခံစားနိုင်မှာဖြစ်ပါတယ်။

VR အတွေ့အကြုံကို VR Box + mobile ဖုန်းဖြင့်သော်လည်းကောင်း၊ VR Headset နဲ့ သော်လည်းကောင်း ရရှိနိုင်ပါတယ်။

VR Headset တွေအနေနဲ့ဆိုရင်တော့ မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုတာမျိုးမတွေ့ရသေးပင်မဲ့ တချို့နေရာတွေမှာတော့ VR Headset တွေကို အသုံးပြုပြီး game ဆော့ရတဲ့နေရာမျိုးတွေကို တွေ့လာရပြီဖြစ်ပါတယ်။

VR headset တွေကို ဥပမာပေးရရင် oculus quest, htc vive, htc vive pro အစရှိသည်တို့ဖြစ်ပါတယ်။

Mobile နဲ့ VR ကြည့်မယ် ဆိုရင်တော့ အကူအနေနဲ့ VR Box ကို ကြားခံအနေနဲ့ထည့်သုံးပြီးတော့ ကြည့်ရပါမယ်။

VR Box တွေကို ဥပမာပေးရရင် Google Cardboard, NOON VR, Remax VR အစရှိသည်တို့ပဲဖြစ်ပါတယ်။

1 thought on “What is Virtual Reality”

  1. Pingback: What is Mixed Reality? – SHARRTZ.ORG

Leave a Comment

Your email address will not be published. Required fields are marked *