SHARRtz.org မှ ပထမဆုံး ရေးဆွဲထုတ်လွှင့်ပေးတဲ့ “S Love Box” application ထွက်ရှိလာပါပြီ။ ဒီ application လေးက AR နည်းပညာကို အခြေခံထားတဲ့ Card service လေးဖြစ်ပါတယ်။ S Love Box icon ပါတဲ့ မည်သည့် ကတ်ပြား၊စာရွက်ကိုမဆို S Love Box application လေးနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ချစ်ဒီစရာ video/ ဓါတ်ပုံ/ စာသား အမှတ်တရတွေကို စာရွက်/ကတ်ပြားလေးထဲမှာ လှို့ဝှက်ထည့်သွင်းပေးပို့နိုင်မှာဖြစ်ပါတယ်။

Application လေးဟာ ချစ်သူ စုံတွဲတွေနဲ့ မင်္ဂလာဆောင်တော့မယ့် မောင်နှံလေးတွေအတွက် အဓိက ပြုလုပ်ထားတာ တွေ့ရှိရပါတယ်။

ချစ်သူ စုံတွဲလေးတွေက ချစ်သူကို ပေးပို့တဲ့ postcard လေးထဲမှာ ထည့်သွင်းပေးပို့လို့ရမှာဖြစ်ပါတယ်။

မင်္ဂလာမောင်နှံလေးတွေကတော့ မင်္ဂလာဖိတ်ကြားလွှာလေးထဲမှာ မိမိတို့ရဲ့ ဖိတ်ကြားမှု video/ ချစ်စရာ video/ ဓါတ်ပုံတွေနဲ့ ဖိတ်ကြားချင်တဲ့ အကြောင်းအရာကို ထည့်သွင်းဖိတ်ကြားလို့ရမှာဖြစ်ပါတယ်။ ဖိတ်စာလက်ခံရရှိသူတိုင်းဟာလည်း မင်္ဂလာမောင်နှံတို့ အလေးထားဖိတ်ကြားမှုကို ခံစားရတဲ့အပြင် မိမိတို့ ထည့်သွင်းပေးလိုက်တဲ့ Video/ ဓါတ်ပုံလေးတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အကြောင်းအရာအပြည့်အစုံကို SHARRtz.org မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *