Myoe Pya ထဲက 3D တွေဟာ အပြင်လောကနဲ့ ဘယ်လောက်အထိ ထပ်တူကျနိုင်သလဲ?

~~ 𝐑𝐞𝐚𝐥 𝐰𝐨𝐫𝐥𝐝 နဲ့ 𝟗𝟗% တူတယ်ဆိုတာ ဘယ်လိုမျိုးလဲ ~~

Myoe Pya ထဲက 3D တွေဟာ အပြင်လောကနဲ့ ဘယ်လောက်အထိ ထပ်တူကျနိုင်သလဲ?

တော်တော်များများ မေးကြတဲ့မေးခွန်းပါ။ အဖြေကိုတော့ Founder မှသက်သေနဲ့တကွ Video ပြုလု်ပေးထားပါတယ်။

Future of AR VR

ယနေ့ခေတ် ကမ္ဘာကြီးမှာ တိုးတက်လာတဲ့ နည်းပညာတွေကြောင့် လူသားတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေဟာ အရင်ကထက်ပိုမို လွယ်ကူ အဆင်ပြေလာနေပြီ ဖြစ်ပါတယ်။

အရင်က တစ်နေရာနဲ့ တစ်နေရာကို ကူးသန်းဆက်သွယ်ဖို့ရာအတွက်လူအင်အား တိရစ္ဆာန် အင်အားတွေကိုပဲ အသုံးပြုပြီး ပင်ပင်ပန်းပန်း လှုပ်ဆောင်လာကြရာကနေ ယနေ့ခေတ်မှာ ခေတ်မှီစက်ပစ္စည်းတွေ တီထွင်အသုံးပြုပြီး လွယ်လင့်တကူ ဆောင်ရွက်လာနိုင်ပြီပဲဖြစ်ပါတယ်။

ခေတ်မှီနည်းပညာများကို အသုံးပြုချင်းအားဖြင့် အချိန် နဲ့ ငွေကို သက်သာစေနိင်သလို လူစွမ်းအားကိုလဲ​ချွေတာရာ ရောက်ပါတယ်။

ဥပမာဆိုကြပါစို့

Sharr တို့ အရင်က အိမ်ခန်းဝယ်ဖို့ အိမ်ခန်းငှားဖို့ဆိုရင် ပွဲစားတို့ ၊ Agent တို့နဲ့ အရင်ချိတ်ရမယ်။ သူတို့ပြတဲ့နေရာကို အချိန်တစ်ခုပေးပြီးသွားကြည့်ရမယ်။ အိမ် (၅) လုံးလောက် ကြည့်ဖို့ကို အနည်းဆုံး (၃)ရက်လောက် အချိန်ပေးရတဲ့ အပြင် သွားစရိတ် စားစရိတ် တွေလဲ ကုန်တယ်၊လူလဲပင်ပန်းရပြီး သေသေချာချာ စေ့စေ့စပ်စပ် ကြည့်ရဖို့ အတော်လေးအားစိုက်ရတာမျိုး ကြုံဖူးကြပါလိမ့်မယ်။

ဒါတောင် ကိုယ့်မြို့တွင်းက နေရာတွေမို့လို့ပါ အဲလိုမဟုတ်ပဲ စီးပွားရေးကိစ္စအတွက် ရေခြားမြေခြားက နေရာတွေကိုသာ စုံစမ်းရမယ်ဆိုရင် ဒီထက်ပိုတဲ့ စားရိတ်တွေ ခွန်အားတွေပိုသုံးရမှာပဲဖြစ်ပါတယ်။

နောင်လာမဲ့အနာဂတ်မှာဆိုရင် Sharr တို့က နေရာပေါင်းစုံက အိမ်တွေ အဆောင်အဦးတွေကို တစ်နေရာတည်းမှာပဲ 3D နည်းပညာကို အသုံးပြုပြီး ကြည့်နိုင်တော့မှာပါ။

ရုပ်ပုံတွေ နေရာတွေကို ကိုယ်တိုင် ကိုယ်ကျ သွားကြည့်ရတာမျိုး မဟုတ်ပဲ VR နည်းပညာကို အသုံးပြုပြီး ထိုနေရာကို ရောက်နေသလိုမျိုး ကြည့်ရှု့လာနိုင်မှာဖြစ်ပါတယ်။

Website တွေ Map တွေကနေပြီးတော့ အိမ်တွေကို လိုက်ရှာနေစရာမလိုတော့ပဲ AR 3D Map ထဲမှာ အဆောက်အဦးပေါင်းများစွာကို ရှာဖွေလာနိုင်တော့မှာဖြစ်ပြီး တိုက်ခန်း ရောင်းတာ ဝယ်တာမျိုးတင်မကပဲ ခန်းမငှားရမ်းခြင်း ဟိုတယ် အဆောက်အဦးနေရာ စုံစမ်းခြင်းစသည်တို့တွင်လဲ AR VR နည်းပညာများ ချိတ်ဆက်ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

အထက်ပါ အကြောင်းအရာများသည် construction, real estate industy အစရှိသောနယ်ပယ်များတွင် နောင်အနာဂတ်အတွက် တိုးတက်လာမည့် နည်းပညာများပင်ဖြစ်ပါသည်။

SYangon Testing

ဒီနေ့ Application လေး test လုပ်ဖြစ်တယ်။ Test လုပ်မယ်ဆိုပြီး ygnwall art တွေရှိတဲ့ 41,42 st နောက်ဖေးလမ်းကြားရောက်ခဲ့တယ်။ Testing လေးအောင်မြင်တော့ ပျော်ပြီး Share လိုက်ပါတယ်။ ဒီလမ်းလေးမှာလို နောက်ထပ်လမ်းလေးတွေမှာလည်း အမှတ်တရလေးတွေ ဖန်တီးလို့ရအောင် လုပ်ပေးချင်ပါသေးတယ်။ အခု application ပေါ်အမြင်လေးလည်း ပြောကြပါဦး။ သဘောကျသံုးချင်တဲ့သူများရင် play store မှာ free download တင်ပေးမယ်။ Ps. You can see the very talkative me in the video. 😁😁😁

Myoe Pya.apk (Version 1.04)

MyoePya Application (Versión 1.04) မှာ ဘာတွေပါလာပြီလဲ🤩🤩🤩🤩

ဒီမှာ Upgrade လုပ်ထားတာလေးတွေ နည်းနည်းများပါတယ်။

အဓိကအနေနဲ့ Displine တွေကို Model တစ်ခုတည်းကနေ ကြည့်လို့ရအောင် ပြုလုပ်ထားပါတယ်။
နောက်ပြီး အဓိက Function တွေဖြစ်တဲ့
Move
Rotate
Scale တွေကို မိမိလက်ချောင်းလေးများသုံးပြီး အလွယ်တကူ ပြုလုပ်လာနိုင်ပြီဖြစ်ပါတယ်။

Version 1.04 ရဲ့ Special function တစ်ခုက Light sensation ပါထည့်ပေးထားခြင်းဖြစ်ပါတယ်။ အပြင်ဘက်က မီးအလင်းအမှောင်ကို အာရုံခံပြီး model ကိုလည်း သဘာဝကျအောင် ထိန်းညှိပေးတဲ့အတွက် သီးသန့် ကွဲထွက်နေတာမျုးမဟုတ်ပဲ မြင်နေရမှာပါ။
Realistic ပိုဆန်အောင် Shadow effect ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။

ပိုမိုအသုံးပြုလွယ်ကူစေဖို့အတွက် ခလုပ်တွေကို Screen မှာ ရှုပ်မနေစေတော့ပဲ model နဲ့ ချိတ်ဆက်ပေးထားပါသေးတယ်။ ဒါကြောင့် ခေတ်မှီ ဆန်းသစ်တဲ့ မြင်ကွင်းလေးကို မြင်ရမှာပါ။

Pointer လေးနဲ့ User Interface ကိုလည်း အသုံးပြုရပိုမိုလွယ်ကူစေဖို့ Update လုပ်ထားပါသေးတယ်။

3D model တွေအနေနဲ့ Revit ပဲ သုံးလို့ရတာမဟုတ်ပါဘူး 3D Max, sketchUP, tekla, Maya, Cinema4D, အစရှိသော 3D application တွေနဲ့ ရေးဆွဲထားတဲ့ Model တွေပါ အသုံးပြုနိုင်ပါတယ်နော်
😍😍😍😍

ယူနီကုတ်နဲ့ ကြိုးစားပန်းစားရေးထားတာမို့လို့ ကျန်တဲ့ Function လေးတွေ ရှိရင်လည်း Edit နဲ့ ထပ်ဖြည့်ပေးမယ်နော်။

Version 1.05 မှာ ဘာတွေ ပါလာဦးမလည်းစောင်ဘ့်တွေကြည်ည့်ရ့်င်ရင်း ပိုအဆင်ပြေမယ့် အကြံဉာဏ်လေးတွေလည်း ဝေဖန်ပြောကြားလို့ရပါတယ်ရှင့် 😘

Sneak peak of the MyoePya application version 1.04Can you guess how much upgrade the function??…

Posted by Sharr’s Ideology on Thursday, September 26, 2019
https://www.facebook.com/watch/?v=951392578532961

Myoe Pya.apk (Version 1.03)

MyoePya.apk (Version 1.03)
♦️Say No to Scale Model♦️

Upgrade ထပ်လုပ်ထားတဲ့ ဒီ Version 1.03 မှာ ပါဝင်လာတဲ့ အကြောင်းအရာလေးတွေပြောပြပါမယ်။

ဒီ Version လေးမှာ မိမိရဲ့ 3D model ကို ကြည့်နေရုံမဟုတ်တော့ပဲ ရွေ့လျားမှု Function တွေဖြစ်တဲ့
Move
Rotate
Scale တွေကို လွတ်လပ်စွာ လုပ်ဆောက်လာနိုင်ပြီ ဖြစ်ပါတယ်။
ထို Function တွေအတွက် ဖုန်းရဲ့ မျက်နှာပြင်မှာရှိတဲ့ မိမိရဲ့ 3D model ကို လက်နဲ့ထိတွေ့ပြီး ပြုလုပ်နိုင်ပါတယ်။

3D model ကို ပါဝင်တဲ့ အပိုင်းလိုက် ခွဲခြားပြီး ခေါ်ဆောင်ကြည့်ရှုနိုင်ပါတယ်။
အဲ့လုပ်ဆောင်နည်းကတော့ ပထမဆုံး 3D model စတင်ပေါ်ပေါက်လာပြီဆို မျက်နှာပြင်မှာ ယခု Model အတွက် Architecture, Structure, Superstructure, Substructure နဲ့ All ဆိုတဲ့ အမျိုးအစားထဲက တစ်ခုခုကို ရွေးပြီး 3D model ကို ခေါ်ပေးယုံပါပဲ။
မိမိတို့ရဲ့ Design Concept နဲ့ 3D Modeling လိုအပ်ချက်တွေကို အလွယ်တကူ အဖြေရှာ ထုတ်နိုင်မှာဖြစ်ပါတယ်။

3D model ရပ်တည်နိုင်မည့် Ground Plane မှ မျဉ်းတွေကိုလည်း သေးငယ်တဲ့ အဖြူရောင်တွေအဖြစ်ပြောင်းလဲပေးထားပြီး Quality မြင့်တင်ပေးထားပါတယ်။

Version 1.03 ရဲ့ Upgrading လေးတွေဖြစ်ပါတယ်။

Version 1.04 မှာလည်း ထပ်မံ စိတ်လှုပ်ရှားစရာကောင်းတဲ့ Function လေးတွေနဲ့ Upgrading လေးတွေ ထပ်လာဦးမှာမို့ စောင့်ကြည့်ပေးပါဦးနော်။

မိမိတို့ရဲ့ ကိုယ်ပိုင်အတွေးအမြင် အကြံပြုလိုတာများရှိရင် အကြံပြုလို့ရပါတယ်။
ကျေးဇူးပါရှင့်။

With love ♥️
Sharr Thet Zaw

https://www.facebook.com/watch/?v=2412480088829898

Myoe Pya.apk (Version 1.0)

မြို့ပြ application ရဲ့ ပထမဆုံး အကြမ်း ထုတ်ထားတဲ့ Version 1 ဖြစ်ပါတယ်။

The next logical move of BIM is AR ဆိုသလိုပါပဲ AR ကိုအခြေခံရေးဆွဲထားတဲ့ application လေးဖြစ်ပါတယ်။

BIM နဲ့ AR ကိုတွဲရက်အနေနဲ့ များသောအားဖြင့် Drawing စာရွက်ပေါ်အခြေခံ ပုံပေါ်အောင် လုပ်ဆောင်ရတဲ့ နည်းလည်းရှိပါတယ်။
သျှားကတော့ Model ကို ပိုပြီး Stable ကျကျပေါ်စေဖို့ Direction based သုံးပြီး Model ခေါ်ပြထားပါတယ်။

3D model လေးက Hledan Center ပုံစံတူ Model လေးကို သျှားက Revit နဲ့ Develop လုပ်ထားတာပါ။
Develop လုပ်ထားတဲ့ BIM 3D model လေးကို application inventory ထဲထည့်ပြထားပါတယ်။

ပထမဆုံးထုတ်ထားတဲ့အကြမ်းထည်လေးဖြစ်လို့ လိုအပ်ချက်များစွာရှိပါသေးတယ်။ ယခု Version 1 လေးမှာက 3D AR model လေးကို presentation ပြလိုသူတွေ အဆင်ပြေမယ့် Model ခေါ်ယူပြသခြင်းပဲ ထည့်ထားပါတယ်။

Version 1.03,
Version 1.04 တွေမှာ ထပ်ထည့်ထားတဲ့ Function လေးတွေရှိပါတယ်။

အဲ့တော့ ယခု Version 1 မှသည် Version 1.09,1.04 တွေအထိ ဘာတွေပါလာဦးမလဲဆိုတဲ့ Developing vídeo လေးတွေ ဆက်တင်ပေးသွားပါဦးမယ်နော်။

MyoePya.apk (Version 1.0) မြို့ပြ application ရဲ့ ပထမဆုံး အကြမ်း ထုတ်ထားတဲ့ Version 1 ဖြစ်ပါတယ်။The next logical…

Posted by Sharr’s Ideology on Thursday, September 19, 2019

SHARRtz second AR app

It’s SHARRtz second AR app.

အပြင်က ဓါတ်ပုံလေးတွေကို Scan ချင်ရင် ဖုန်းထဲမှာတော့ Scan ချင်တဲ့ ပုံလေးရှိနေရပါမယ်။

1.Scan ချင်တဲ့ ပုံလေးကိုရွေး
2.ပေါ်လာစေချင်တဲ့ video လေးကိုရွေး

ပြီးရင် အပြင်ပုံလေးကို Scan လိုက်လို့ရပါပြီ။

အပျော်တန်းရေးဆွဲထားတဲ့ App လေးမို့လို့ ဆော့ချင်တဲ့သူတွေရှိရင် PlayStore ကနေဖြစ်ဖြစ် အပြငိ link တစ်ခုကနေဖြစ်ဖြစ် Free download လုပ်နိုင်အောင် ထပ်တင်ပေးပါမယ်။

[facebook url=”https://www.facebook.com/sharrideology/videos/508338769984183 </” /]

Myoe Pya application

🏫MyoePya.apk

သျှားတို့ Design သမားတွေ ခဲတံခေတ်က T-Ruler, Triangle တွေနဲ့ သုံးပြီး ပုံဆွဲ ဒီဇိုင်းတွေဖော်ပြကြတယ်။

နောက်ပိုင်းမှာတော့ Computer software အများအပြားပေါ်လာပြီး 3D Design တွေနဲ့ ပုံတွေထုတ်ပြကြတယ်။
ပိုမိုတက်မြောက်သူတွေကတော့ Animation တွေ သုံးပြီး Design ကိုဖော်ပြကြတယ်။

အနည်းဆုံးတော့ ခဲတံခေတ်ထက် ပိုကြည့်ကောင်းလာသလို Client တွေကလည်း သဘောကျ နှစ်သက်ကြတယ်။

ဒီလိုတိုးတက်နေတဲ့ 3D design system ဟာ ယနေ့ခေတ်မှာတော့ BIM (Building Information Modeling) လို့ခေါ်တဲ့ 3D model ကို ပိုမိုတိကျတဲ့ Information တွေထည့်သုံးလာကြတယ်။ Client သဘောကျမှုရော လက်တွေ့အသုံးဝင်မှုတွေကြောင့် ထိုTechique ဟာ နိုင်ငံတကာမှာ ကျယ်ပြန့်စွာ အသုံးချနေသလို သျှားတို့မြန်မာနိုင်ငံမှာပါ တစ်စ တစ်စ စိတ်ဝင်စားလာနေကြပါပြီ။

တိုးတက်တဲ့နည်းပညာတွေ စိတ်ဝင်စားသူတွေအဖို့ The Next logical move of BIM ဆိုတဲ့ အကြောင်းအရာပေါ် အခြေခံထားတဲ့ application လေးတစ်ခုအကြောင်း ပြပေးမှာဖြစ်ပါတယ်။

3D ကို အခြေခံသူတွေဖြစ်တဲ့ Architect, Designer, Consultant တွေ အများအပြားအတွက် အသုံးဝင်မယ်ထင်ပါတယ်။

Application လေးအကြောင်းကတော့ version video လေးတွေမှာ ဆက်လက်ရှင်းပြပေးမှာဖြစ်ပါတယ်။

https://www.facebook.com/watch/?v=522770745195684