MPC Logo White

MYOE PYA CARRY

Same Day Delivery MPC!

Your Package, Our Piority: Premium Delivery, Real Time Tracking

Myoe Pya Carry is a digital delivery platform designed to connect shoppers with delivery heroes or services. The platform allows vendors to register their orders, which can then be accepted and executed by delivery personnel. Myoe Pya Carry aims to simplify the process of delivery by creating a user-friendly interface that facilitates seamless communication between shoppers, vendors, and delivery heroes.

Terms and Conditions

 

ကုန်သည်တို့အတွက် သိထားသင့်သော စည်းကမ်း၊ စည်းမျဥ်းများ

ခြုံငုံသုံးသပ်ချက်

MPC (Myoe Pya Carry) သည် ကုန်သည်များနှင့် ဖောက်သည်များအကြား ပို့ဆောင်ဆက်သွယ်ရေးကို အောက်ပါ အဖိုးတန်ဝန်ဆောင်မှုများဖြင့် ပံ့ပိုးပေးပါသည်။

  • နေ့ချင်းပြီး အချိန်မီ ပို့ဆောင်ခြင်း။
  • အချိန်နှင့်တပြေးညီ ပို့ဆောင်မှုခြေရာခံခြင်း။
  • လုံခြုံပြီး တိကျသောရလဒ် ပေးစွမ်းနိုင်ခြင်း။

အဓိပ္ပါယ် ဖွင့်ဆိုချက်

ကုန်သည် – ကုန်သည်များသည် MPC ပလက်ဖောင်းမှတဆင့် ၎င်းတို့၏ ပက်ကေ့ခ်ျကို ပို့ဆောင်လိုသော အသုံးပြုသူဖြစ်သည်။
ပို့ဆောင်သူ– ပို့ဆောင်သူသည် MPC ပလက်ဖောင်းမှ အမှာစာများကို လက်ခံပြီး Merchant မှ ဝယ်ယူသူထံသို့ ပက်ကေ့ခ်ျကို ပို့ဆောင်ပေးသည့် ပေးပို့သူ တစ်ဦးတည်းဖြစ်သည်။
အော်ဒါ – ကုန်သည်မှ မိမိ၏ ၀ယ်သူထံ ရောင်းချလိုက်သော ပစ္စည်းထုတ်

 

စည်းကမ်းများနှင့် တာဝန်များ

  • ကုန်သည်များသည် MPC ပလပ်ဖောင်းတွင် မှတ်ပုံတင်ရန်အတွက် မှတ်ပုံတင်ဖောင် သို့မဟုတ် အွန်လိုင်းဖောင်ကို ဖြည့်စွက်ရန်လိုအပ်သည်။
  • အော်ဒါမတင်သွင်းမီ ကုန်သည်များသည် အော်ဒါတိုင်းနှင့်ပတ်သက်သည့် အချက်အလက်အတိအကျကို ဖြည့်သွင်းပေးရန် လိုအပ်ပါသည်။ (ပို့ဆောင်သူမှ မကောက်ယူမီ အော်ဒါကို နှစ်ချက်စစ်ဆေးပြီး အတည်ပြုရန်အကြံပြုပါသည်)
  • အော်ဒါကို ပို့ဆောင်သူမှ ၀ယ်ယူသူထံ “ပေးပို့ခြင်း” အခြေအနေတွင် ကုန်သည်ဘက်မှ အော်ဒါကို ပယ်ဖျက်ပါက၊ ဖော်ပြထားသည့် ပို့ဆောင်ခကို ကုန်သည်ဘက်မှ ပေးဆောင်ရမည်ဖြစ်ပါသည်။
  • ကုန်သည်များကြောင့်ဖြစ်ရသည့် ပြဿနာများ (ဥပမာ- ကုန်ပစ္စည်းအမှား၊ အော်ဒါရဲ့သတင်းအချက်အလတ်အမှား…) ကို ၎င်းတို့ဘက်မှ အပြည့်အဝ တာဝန်ယူရမည်ဖြစ်ပါသည်။
  • ကုန်သည်သည် MPC မှ နုတ်ထွက်လိုပါက တစ်ပတ်အလိုတွင် ရုံးချုပ်သို့ ဆက်သွယ်ပြီး အကြံပြုချက်များဖြင့် Termination form ကိုဖြည့်၍ နုတ်ထွက်နိုင်ပါသည်။
  • ယခု စည်းမျဥ်း စည်းကမ်းများသည် လုပ်ငန်းအဆင်ပြေ ညီညွတ်မှုအရ MPC BOD Team ခွင့်ပြုချက်ဖြင့်ပြောင်းလဲ ပြင်ဆင်ခြင်းရှိမည်ဖြစ်ပြီး ပြင်ဆင်မှုကို အကြောင်းကြားပေးမည် ဖြစ်ပါသည်။
  • ကိစ္စပြဿနာ တစ်စုံတရာပေါ်ပေါက်လာပါက MPC ၏အဆုံးအဖြတ်သာ အတည်ဖြစ်ပါသည်။

ပို့ဆောင်သူတို့အတွက် သိထားသင့်သော စည်းကမ်း၊ စည်းမျဥ်းများ

ခြုံငုံသုံးသပ်ချက်

Myoe Pya Carry (MPC) သည် Online Shop များ အရောင်းအ၀ယ်များအတွက် ရောင်းသူ ၀ယ်သူနဲ့ ပေးပို့သူတို့အကြား ခေတ်ီစနစ်ကျတဲ့ နည်းပညာတွေ ပံ့ပိုးပေးသော ပလက်ဖောင်း တစ်ခုဖြစ်ပါသည်။ MPC မှ ပေးပို့သူ (Delivery Hero, service) တွေအတွက် အောက်ပါ ၀န်ဆောင်မှုများကို ပံ့ပိုးပေးပါသည်။

  • Computer သို့မဟုတ် mobile ဖုန်းမှ အလွယ်တကူ စီမံခန့်ခွဲနိုင်သော တိကျစနစ်ကျသော လမ်းကြောင်းပြမြေပုံ စနစ်
  • အော်ဒါတွေကို မြေပုံ လမ်းကြောင်းအရ အလွယ်တကူ လက်ခံဆောင်ရွက်နိုင်ခြင်း
  • မိမိပေးပို့နေသော လမ်းကြောင်း မြေပုံအား ကုန်သည်နှင့် ၀ယ်ယူသူတို့မှ အချိန်နှင်တပြေးညီ အလွယ်တကူ ၀င်ရောက် ကြည့်ရှုနိုင်ခြင်း
  • စနစ်ကျနသော ပို့ဆောင်ရေး အဆင့်ဆင့် စနစ်

အဓိပ္ပါယ် ဖွင့်ဆိုချက်

ကုန်သည် – ကုန်သည်များသည် MPC ပလက်ဖောင်းမှတဆင့် ၎င်းတို့၏ ပက်ကေ့ခ်ျကို ပို့ဆောင်လိုသော အသုံးပြုသူဖြစ်သည်။
ပို့ဆောင်သူ– ပို့ဆောင်သူသည် MPC ပလက်ဖောင်းမှ အမှာစာများကို လက်ခံပြီး Merchant မှ ဝယ်ယူသူထံသို့ ပက်ကေ့ခ်ျကို ပို့ဆောင်ပေးသည့် ပေးပို့သူ တစ်ဦးတည်းဖြစ်သည်။
အော်ဒါ – ကုန်သည်မှ မိမိ၏ ၀ယ်သူထံ ရောင်းချလိုက်သော ပစ္စည်းထုတ်
ပို့ဆောင် Service – ပို့ဆောင်သူတွေအား စုဖွဲ့ဆောင်ရွက်သော အသင်းအဖွဲ့ (Delivery Services)

ကျွန်ုပ်တို့ကမ်းလှမ်းသောအရာ

  • ကျွန်ုပ်တို့ MPC သည် အက်ပလီကေးရှင်းမှတစ်ဆင့် ကမ္ဘာမြေပုံတစ်ခုကို ပံ့ပိုးပေးသည်။
  • ပို့ဆောင်သူသည် MPC တွင် ပို့ဆောင်သူအကောင့်တစ်ခု အခမဲ့စာရင်းသွင်းဖွင့်ခွင့်ရမည်ဖြစ်ပြီး၊ ဤအကောင့်အသုံးပြုသူသည် Myoe Pya ပလပ်ဖောင်းအားလုံးသို့ ဝင်ရောက်နိုင်သည်။
  • ပို့ဆောင် Service တွေသည် မိမိတို့ Delivery Hero များကို မြေပုံ စနစ်မှ တိုက်ကြည့်ရှု စီမံခန့်ခွဲနိုင်သည်။
  • MPC သည် ၎င်းတို့၏ အော်ဒါများကို မှန်ကန်စွာ ဆောင်ရွက်နိုင်ရန် ပို့ဆောင်သူအားလုံးအတွက် အသုံးပြုသူလမ်းညွှန် ကိုပံ့ပိုးပေးပါမည်။

ပို့ဆောင်ခစနစ်

  • ပို့ဆောင်ခသည် ကုန်ပစ္စည်း၀ယ်ယူသော ၀ယ်ယူသူထံမှ ကောက်ခံရမည်ဖြစ်ပါသည်။
  • အွန်လိုင်းပေးချေစနစ်ဖြင့် လုပ်ဆောင်ထားသော အော်ဒါတွင် ၀ယ်ယူသူမှ ပို့ဆောင်ခကို ကုန်သည်ဆီသို့ ပေးချေထားပါက ပို့ဆောင်သူ ပစ္စည်းလာရောက် ယူဆောင်သောအချိန်တွင် ပို့ဆောင်ခ တခါတည်း ယူဆောင်ရမည်ဖြစ်သည်။ (ပေးချေထား မထား ကုန်သည်ထံမှ ပစ္စည်းယူပြီး မထွက်ခွာခင် မေးမြန်းရမည်)
  • ပို့ဆောင်ခမှာ မြို့နယ်တွင်း 2ကီလိုမီတာအတွင်း 3ကီလိုဂရမ်နှင့်အောက် အော်ဒါများအတွက် 1500 ကျပ်မှစ၌ကျသင့်မှာဖြစ်ပြီး ထိုပမာဏနှင့်အထက် အော်ဒါများမှာ အကွာအ‌‌ေ၀းနှင့် အလေးချိန်ပေါ်မူတည်ပြီး MPC မှ တွက်ချက် ထုတ်ပေးသွားမှာ ဖြစ်ပါသည်။ (မြို့နယ်တွင်း ပုံမှန်ချိန် အများဆုံး ပမာဏမှာ ၅၀၀၀ ကျပ်အထိသာဖြစ်ပါသည်)

ငွေရရှိနိုင်မှုပုံစံ

  • ပို့ဆောင်သူ/ ပို့ဆောင် Service သည် အော်ဒါလက်ခံဆောင်ရွက်ရန် မိမိ MPC အကောင့်ထဲသို့ MPC Money ဖြည့်သွင်းထားရမည်။
  • ပို့ဆောင် Service သည် မိမိဖြည့်သွင်းထားသော MPC Money အား မိမိ အသင်းအဖွဲ့ထဲမှ ပို့ဆောင်သူများထံ ငွေလွှဲ ဖြည့်သွင်းနိုင်သည်။
  • MPC Money သည် အော်ဒါ အရေအတွက် ရရှိမှု၊ ကောက်ခံလာသော ပို့ဆောင်ခ၊ အော်ဒါတန်ဖိုးများနှင့် တိုက်ရီုက်သက်ဆိုင်သည်။
  • ပေးပို့ပြီးစီးသော အခြေအနေတွင် MPC Money မှ သက်ဆိုင်ရာ ပမာဏကို နုတ်ယူသွားမည်ဖြစ်သည်။
  • သက်ဆိုင်ရာ ပမာဏကို အောက်ပါအတိုင်း သက်မှတ်သည်။
      ပို့ဆောင်ခ၏ သက်မှတ်ရာခိုင်နှုန်း ပမာဏတစ်ခု
      ပစ္စည်းရောက်ငွေချေ စနစ်ဖြစ်ပါက ကောက်ယူရမည့် ပစ္စည်းတန်ဖိုး ငွေပမာဏတစ်ခု
  • ကောက်ယူရရှိသော ငွေကြေးများနှင့် ပို့ဆောင်ခသည် ပို့ဆောင်သူတို့ ရရှိမည်ဖြစ်ပြီး MPC Money လျော့နည်းလာပါက အော်ဒါ အရေအတွက် လျော့နည်းလာမှာဖြစ်ပါသည်။
  • အချုပ်အားဖြင့်ဆိုသော် ပို့ဆောင်ခ၏ သက်မှတ်ရာခိုင်နှုံးကို ပို့ဆောင်သူတို့မှ လက်၀ယ်ရရှိမည်ဖြစ်ပြီး လက်၀ယ်ရရှိခဲ့သော ကျန် ပေးသွင်းရမည့်ငွေကြေးများကို MPC Money မှနှုတ်ယူသွားမည်ဖြစ်သည်။ (ထို့ကြောင့် MPC Money ကို လိုအပ်သလို ပြန်လည် ဖြည့်သွင်းပေးဖို့ အကြံပြုပါသည်။)

စည်းကမ်းများနှင့် တာဝန်များ

  • ပို့ဆောင်သူသည် MPC ပလပ်ဖောင်းတွင် မှတ်ပုံတင်ရန်အတွက် မှတ်ပုံတင်ဖောင် သို့မဟုတ် အွန်လိုင်းဖောင်ကို အပြည့်အစုံ ဖြည့်စွက်ရန်လိုအပ်သည်။
  • ပို့ဆောင်သူသည် ပို့ဆောင်နေစဥ်အတွင်း MPC မှပေးထားသော ၀တ်စုံ၊ စတေကာ၊ သို့မဟုတ် သက်မှတ်ထားသော အမှတ်အသား တစ်ခုခုကို မိမိ အနီးအနားတွင် ကုန်သည်နှင့် ၀ယ်ယူသူတို့မှ သိရှိနိုင်ရန် တန်ဆာဆင်ပေးထားရမည်။
  • ပို့ဆောင်သူသည် မိမိပေးပို့လိုသည့် လမ်းကြောင်းကို စစ်ဆေးပြီး မိမိလက်ခံပေးပို့လိုသော အော်ဒါကိုသာ “Run this order” နှိပ်၍ ဆက်လက်ဆောင်ရွက်ရပါမည်။
  • Order အားလက်ခံပြီးမှ ပယ်ဖြတ်ပါက ပစ်ဒဏ်မှတ် ရရှိမည်ဖြစ်ပြီး ပစ်ဒဏ်မှတ်များသည် ပို့ဆောင်သူအား အော်ဒါ မရနိုင်သည် အထိ ပြုလုပ်နိုင်ပါသည်။
  • အော်ဒါကို ကုန်သည်ဆီမှ သွားမယူခင် ဖုန်းအရင်ဆက်ပြီး တည်နေရာကို စစ်ဆေးရမည်။
  • ပို့ဆောင်သူသည် ကုန်သည်ထံမှ ပစ္စည်းကောက်ယူပြီး ကုန်သည်ထံမှမထွက်ခွာခင် (Delivering ခလုတ်မနှိပ်မီ) အခြေအနေတွင် အော်ဒါကို နှစ်ချက်စစ်ဆေးပြီး အတည်ပြုရပါမည်။ ပြီးလျင် ၀ယ်ယူသူထံ ဆက်သွယ်၍ တည်နေရာကို စစ်ဆေး အတည်ပြုရမည်။
  • ပို့ဆောင်ခအား ၀ယ်သူမှ ကုန်သည်ထံ ပေးဆောင်ထားမထားမေးမြန်းပြီး မပေးဆောင်ထားပါက ၀ယ်ယူသူထံမှ ကောက်ခံမည်ဖြစ်ကြောင်း ပြောကြားရမည် ဖြစ်ပြီး၊ ပေးဆောင်ထားပါက ကုန်သည်ဆီမှ ပို့ဆောင်ခ လက်ခံပြီး ဆက်လက်ဆောင်ရွက်ရမည်။
  • အော်ဒါအား လက်၀ယ်ရှိနေစဥ် ပျက်စီး ဆုံးရှုံးမှု ဖြစ်ပေါ်ပါက ပို့ဆောင်သူ (သို့မဟုတ်) ပို့ဆောင် Service မှ အပြည့်အ၀တာ၀န်ယူရမည်ဖြစ်ပြီး MPC Money မှ ပစ္စည်း တန်ဖိုးအပြင် ဒဏ်ကြေးပါပေးဆောင်ရမည် ဖြစ်သည်။
  • အော်ဒါကို ပို့ဆောင်သူမှ ၀ယ်ယူသူထံ “ပေးပို့ခြင်း” အခြေအနေတွင် ကုန်သည်ဘက်မှ အော်ဒါကို ပယ်ဖျက်ပါက၊ ဖော်ပြထားသည့် ပို့ဆောင်ခကို ကုန်သည်ဆီမှ တောင်းယူရမည်ဖြစ်ပါသည်။
  • ပို့ဆောင်သူသည် အော်ဒါလက်ခံချိန်မှစ၍ ပေးပို့ပြီးချိန်အထိ မိမိ ပြုလုပ်နေတဲ့ အဆင့်ဆင့် (Pickup, delivering, delivered) ကို ပလက်ဖောင်းပေါ်မှာ ခလုပ်နှိပ်၍ အတည်ပြုပေးရမည်။
  • အထက်ပါစည်းကမ်းချက်များအား တစ်ခုခု ဖောက်ဖျက်ခြင်း၊ အော်ဒါ ပျက်စီး ဆုံးရှုံးမှုဖြစ်ခြင်း၊ နေ့ချင်းပို့ အော်ဒါများအား သက်မှတ်ထားသော အချိန်အတွင်း မပေးပို့နိုင်ခြင်း၊ အော်ဒါ လက်ခံပြီးမှ အကြိမ်ကြိမ် ပယ်ဖျက်ခြင်း၊ ကုန်သည်နှင့် ၀ယ်ယူသူတို့အား မလိုအပ်သော မချေမငံပြောဆိုဆက်ဆံခြင်း၊ အချိန်နှင့် တပြေးညီ ပလက်ဖောင်း အပ်ဒိတ် မပြုလုပ်ခြင်း၊ တာ၀န်ထမ်းဆောင်နေစဥ် ပလက်ဖောင်းအား ပိတ်ထားခြင်း၊ ပလက်ဖောင်းအား မသမာသော နည်းလမ်းဖြင့် အသုံးပြုခြင်း၊ တာ၀န်မှ အချိန်ကြာမြင့်စွာ အနားယူခြင်း အစရှိသော လုပ်ဆောင်ချက်များကို ပစ်ဒဏ်အဖြစ် သက်မှတ်နိုင်သည်။
  • ပစ်ဒဏ်များသည် အော်ဒါအရေအတွက် ရရှိမှု နည်းပါးလာစေခြင်းမှစ၍၊ ဒဏ်ကြေးပေးဆောင်ခြင်း၊ လစာမဲ့အလုပ်ထုတ်ပစ်နိုင်သည်အထိ ပစ်ဒဏ် အခြေအနေပေါ်မူတည်၍ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။
  • ယခု စည်းမျဥ်း စည်းကမ်းများသည် လုပ်ငန်းအဆင်ပြေ ညီညွတ်မှုအရ MPC BOD Team ခွင့်ပြုချက်ဖြင့်ပြောင်းလဲ ပြင်ဆင်ခြင်းရှိမည်ဖြစ်ပြီး ပြင်ဆင်မှုကို အကြောင်းကြားပေးမည် ဖြစ်ပါသည်။၊
  • ကိစ္စပြဿနာ တစ်စုံတရာပေါ်ပေါက်လာပါက MPC ၏အဆုံးအဖြတ်သာ အတည်ဖြစ်ပါသည်။