What is AI?

AI “Artificial Intelligence” ဆိုတာ Computer စက်ပစ္စည်း အစရှိသည်တို့အတွက် လူတွေရဲ့ အသိဉာဏ်ကို တုပပြီး ထည့်သွင်းထားသော နည်းပညာဖြစ်ပါတယ်။ 

AI ကို နောက်တမျိုး အနေနဲ့ machine learning လို့လဲ ခေါ်ကြပါတယ်။

Sharr တို့ လူသားတွေဟာ အာရုံ ၅ ပါးကို  အာရုံလက်ခံပေးတဲ့ သီးသန့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေက လက်ခံပေးပြီး ဦးနှောက်ကို အကြောင်းအရာ ပို့လွှတ်ကာ တုံ့ပြန်မှု ပြုလုပ်ကြပါတယ်။

Computer နဲ့ စက်ပစ္စည်းတွေ မှာ အဲဒီ အာရုံတွေကို လက်ခံပေးတဲ့ receivers တွေ (ဥပမာ- camera, sensors, keywords etc)က လက်ခံပြီး အသုံးပြုမှု နယ်ပယ်အလိုက် ရေးဆွဲထားသော programming များကတုံ့ပြန်မှု အဖြေများကို ပြန်လည် ပေးပို့ခြင်း နည်းပညာပဲ ဖြစ်ပါတယ်။

ဥပမာ- 

A အတွက် fruit-Apple, Inset-Ant  

B အတွက် fruit-Banana, Inset-Bee

အစရှိတဲ့ keywords တွေကို computer မှတ်ဉာဏ်ထဲ ထည့်သွင်းထားမယ် ဆိုပါစို့။ 

အဲဒီ computer နဲ့ အမေးအဖြေ ပြုလုပ်ရင်အောက်ပါ အဖြေအတိုင်းရရှိမှာ ဖြစ်ပါတယ်။

We ask Question: A fruit

Computer answer: Apple

We ask Question: B Inset

Computer answer: Bee

Keyword AI နဲ့ ပါတ်သက်လို့ Facebook မှာ “Chinese” နဲ့ ပါတ်သက်တဲ့ keywords ရေးသူများ ကြုံတွေ့ဖူးကြပါလိမ့်မယ်။ နောက်တမျိုးပြောရရင် Face Unlock လိုမျိုး Facebook ရဲ့ face recognizing မျိုးတွေကလည်း AI နည်းပညာကို အသုံးပြုပြီး မိမိတို့၏ မျက်နှာ ပုံရိပ်များကို camera မှရယူကာ computer မှတ်ဉာဏ်ထဲ သိမ်းဆည်းပြီး ပြန်လည်တုံ့ပြန်ပေးတာမျိုးဖြစ်ပါတယ်။

What is Mixed Reality?

Mixed Reality ဆိုတာ လက်နဲ့ထိတွေ့ကိုင်တွယ်လိုရတဲ့ Physical ပစ္စည်းတွေနဲ့ ကွန်ပြူတာထဲမှာ ဖန်တီးထားတဲ့ Digital ပစ္စည်းတွေကို တစ်ပြိုင်နက်ထဲမှာ ချိတ်ဆက်လိုရအောင် ပေါင်းစပ်ပေးတဲ့နည်းပညာဖြစ်ပါတယ်။

နောက်တစ်နည်းနဲ့ပြောမယ်ဆိုရင် AR နဲ့ VR ပေါင်းစပ်ပေးထားတဲ့ နည်းပညာလို့ ပြောလို့ရပါတယ်။

What is AR?
(https://sharrtz.org/2021/05/what-is-ar-technology/)

What is VR?
(https://sharrtz.org/2021/05/what-is-virtual-reality/)

ယခုအခါတွင် Mixed Reality အသုံးပြုထားသော Application Saftware ပေါင်းများစွာ ထွက်ရှိနေပြီဖြစ်သလို Mixed Reality အသုံးပြု စက်ပစ္စည်းတွေကလဲ လူတွေရဲ့ လက်ထဲကို ရောက်နေကြပါပြီ။

Mixed Reality ကို Design, Education, Entertainment စတဲ့ နယ်ပယ်တွေမှာ အသုံးများပြီး Military training, health care တွေနဲ့ remote woking နယ်ပယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြပြီဖြစ်ပါတယ်။

Mixed Reality ကို အများဆုံးအသုံးပြုထားတဲ့ Device ကတော့ Microsoft Hololens ပဲဖြစ်ပါတယ်။

What is Virtual Reality

Virtual reality ဆိုတာ လက်တွေ့ကမ္ဘာနဲ့ဆင်တူပြီ လက်တွေ့ကမ္ဘာမဟုတ်တဲ့ တခြားကမ္ဘာတစ်ခုကို တင်ဆက်ပြသပေးတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။

VR experience  ကို အရိုးရှင်းဆုံးပြောရမယ်ဆိုရင် ဥပမာအနေနဲ့ ကွန်ပြူတာထဲမှာဖန်တီးထားမဲ့ စိတ်ကူးရင်ကမ္ဘာတစ်ခုရှိမယ်။အဲတာကို Sharr တို့က ကွန်ပြူတာ ကမ္ဘာလို့ခေါ်မယ်။

အဲဲဒီ ကွန်ပြူတာကမ္ဘာကို Sharr တို့မျက်လုံးထဲမှာ အပြည့်မြင်ရဖို့အတွက် VR headset ဒါမှမဟုတ် Mobile Phone ထဲကို မျက်လုံးရှေ့မှာ ထည့်သွင်းတပ်ဆင်ပြီးတော့ ကြည့်ရှုပေးရမှာဖြစ်ပါတယ်။

VR ကို Entertainment တွေ Video Games တွေမှာ အများဆုံးတွေ့နိုင်ပြီး Education ပိုင်း၊ ဆေးပညာပိုင်း၊ Military Training နဲ့ Business Meeting အစရှိတဲ့ နေရာတွေမှာလဲ တွေ့နိုင်ပါတယ်။ 

ယခုလက်ရှိအနေအထားနဲ့ပြောရရင် မြန်မာနိုင်ငံမှာ VR experience ကို  Moblie ဖုန်းတွေနဲ့ပဲ တွေ့ကြုံကြရတာများပါတယ်။

ဖုန်းကနေတစ်ဆင့် VR Game တွေ  VR Software တွေကို ဆော့နိုင်မယ်၊Video Entertainment အနေနဲ့တော့ youtube မှာ VR Experience တွေကို ခံစားနိုင်မှာဖြစ်ပါတယ်။

VR အတွေ့အကြုံကို VR Box + mobile ဖုန်းဖြင့်သော်လည်းကောင်း၊ VR Headset နဲ့ သော်လည်းကောင်း ရရှိနိုင်ပါတယ်။

VR Headset တွေအနေနဲ့ဆိုရင်တော့ မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုတာမျိုးမတွေ့ရသေးပင်မဲ့ တချို့နေရာတွေမှာတော့ VR Headset တွေကို အသုံးပြုပြီး game ဆော့ရတဲ့နေရာမျိုးတွေကို တွေ့လာရပြီဖြစ်ပါတယ်။

VR headset တွေကို ဥပမာပေးရရင် oculus quest, htc vive, htc vive pro အစရှိသည်တို့ဖြစ်ပါတယ်။

Mobile နဲ့ VR ကြည့်မယ် ဆိုရင်တော့ အကူအနေနဲ့ VR Box ကို ကြားခံအနေနဲ့ထည့်သုံးပြီးတော့ ကြည့်ရပါမယ်။

VR Box တွေကို ဥပမာပေးရရင် Google Cardboard, NOON VR, Remax VR အစရှိသည်တို့ပဲဖြစ်ပါတယ်။

What is AR technology?​

AR ရဲ့အရှည်က Augmented Reality Technology ဖြစ်ပါတယ်။

တချို့တွေကတော့ VR Headset နဲ့သုံးတာမျိုးကို AR နဲ့ မှားနေကြပြီး တချို့တွေက ရုပ်ပုံတွေ Video တွေပေါ်မှာ စာတွေရေးတာကို AR နှင့်မှားနေတတ်ကြပါတယ်။ 

AR ကိုလွယ်လွယ်ပြောရမယ်ဆိုရင် ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးတဲ့ Tech လို့ပဲ ပြောချင်ပါတယ်။

ပထမကမ္ဘာတစ်ခုက Sharr တို့ မျက်လုံးနဲ့ မြင်နေရတဲ့ အစစ်အမှန် ဒီကမ္ဘာကြီးရှိတယ်။ ဒုတိယတစ်ခုက ကွန်ပြူတာနဲ့ ဖန်တီးထားတဲ့ ကမ္ဘာကြီးရှိမယ်။ အဲ့ ၂ ခု ချိတ်ဆက်ပေးတာကို AR လို့ခေါ်ပါတယ်။

လက်တွေ့ ကမ္ဘာမှာ မရှိတဲ့ အရာတွေ၊ မရှိသေးတဲ့ အရာတွေကို ဖန်တီးဖို့အတွက် AR ကို သုံးပါတယ်။ဥပမာအားဖြင့် Sharr တို့ စတိုးဆိုင်မှာ အင်္ကျီတစ်ထည် တွေ့တယ် ဆိုပါစို့။ အဲ့ဒီအင်္ကျီရဲ့ Size၊ ဘာအသားနဲ့ လုပ်ထားတယ်၊ ဘယ်နိုင်ငံက ထုတ်တယ် စတာတွေက မြင်ရုံနဲ့ မသိနိုင်ပါဘူး။သူ့ရဲ့ website ထဲမှာတော့ အဲ့ဒီ အချက်အလက်တွေ အားလုံး ရှိပါတယ်။

ဒီအခြေအနေမှာ AR application သုံးထားတဲ့ Softwareတစ်ခုကို သုံးပြီး အဲဒီအင်္ကျီကို ကြည့်လိုက်မယ်ဆိုရင် ကြည့်တဲ့သူက အင်္ကျီတင်မကဘူး သူ့နဲ့ သက်ဆိုင်ရာ အချက်အလက်တွေပါတဲ့ layer တစ်ခု အပေါ်မှာ မြင်ရမှာ ဖြစ်ပါတယ်။ ဒါကတော့ မရှိတဲ့အရာကို ရှိအောင် ပုံဖော်ကြည့်ခြင်း ဖြစ်ပါတယ်။

အနီးစပ်ဆုံးဥပမာပေးရရင် Pokémon GO ပေါ့နော်။ 

Pokémon အကောင်လေးတွေက Sharr တို့ တကယ့် ကမ္ဘာမှာ မရှိပါဘူး။ ဒါပေမဲ့ ကွန်ပြူတာထဲမှာ ရှိပါတယ်။ Pokémon GO က အဲ့နှစ်ခုကို ချိတ်ဆက်ထားတာပဲ ဖြစ်ပါတယ်။

နောက်တစ်ခုက Sharr တို့ မြန်မာနိုင်ငံရဲ့ Education ပိုင်းမှာ AR ကိုသုံးလာတဲ့ app တစ်ခုရှိပါတယ် အဲတာကတော့”360 ed” ဆိုတဲ့ Application ပါ။

ကလေးတွေရဲ့ ဖတ်စာအုပ်တွေမှာ သုံးပါတယ်။ ကလေးတွေကို နားလည်အောင် 3D သုံးပြီး ရှင်းပြတာမျိုး ဖြစ်ပါတယ်။