What are it’s collaboration?

BIM model နဲ့ သူရဲ့ ဆက်စပ် လုပ်ငန်းခွင်တွေ ဘာတွေရှိမလဲ လေ့လာကြည့်ကြမယ်ဆိုရင် အပိုင်း ၃ ပိုင်း နဲ့ သက်ဆိုင်ပါတယ်။
1. Design
2. Construction
3. Operation စတဲ့ အပိုင်း ၃ ပိုင်းမှာ ပါဝင် ပါတ်သက်နေပါတယ်။
အောက်မှာ ပြထားတဲ့ collaboration ပုံလေးကို လေ့လာနိုင်ပါတယ်။

ပထမဆုံး Design stage မှာ ဘယ်လို အသုံးဝင်လည်း ဘယ်လိုပါဝင်ပါတ်သက်နေလဲ လေ့လာကြည့်ရအောင်။
ကျနော်တို့ Design Stage မှာ
1. Conceptual stage
2. Schematic stage
3. Detail design stage
4. Shop drawing or construction stage အစရှိတဲ့ stage ပေါင်းများစွာအတွက် drawing တွေ 2D profile detail တွေ အစုံ ထုတ်လို့ရပါတယ်။
ကျနော်တို့ Design Group တစ်ခုရှိတယ်ဆိုပါဆို့။
အဲ့ဒီ Design group တခုမှာ ကျနော် Architect 1ယောက် Structural designer 1ယောက် Mechanical designer 1ယောက် Electrical designer 1ယောက် Civil designer 1ယောက်နဲ့ Drafting designer 1ယောက် Generally ပါဝင်မယ်ပေါ့ဗျာ။

အဲ့မှာ Architect သမားက စပြီး သူ့ layout 3Dကို စဆွဲလိုက်ပြီ။ layout ရဲ့ ပထမ အဆင့်အပြီးမှာ Structural designer နဲ့ M&E designer အပိုင်းတွေဟာ သူတို့ ကဏ္ဌအလိုက် ပါဝင်လာမယ်။

Structural designer က သူနဲ့ သက်ဆိုင်တဲ့ Structure အပိုင်းတွေ အားလုံးကို manage စဝင်လုပ်ပြီ။ သံချောင်း concrete အချိုးအစားတွေနဲ့ model ထည့်ပြီး analyzing ဝင်တယ်ပေါ့။ အဲ့ ဒီမှာ error တက်တာနဲ့ Archi နဲ့ Structure coordination ပြန်ဝင်ပေါ့။ ဘယ်နေရာကတော့အဆင်မပြေဘူး အဆင်ပြေတယ် ဒီဇိုင်းပြောင်းသင့် မပြောင်းသင့် size တွေ ပြင်သင့် မပြင်သင့် ဘာညာပေါ့။

M&E designer ကလည်း သူနဲ့ သက်ဆိုင်တဲ့ အပိုင်းတွေကို ဖြည့်ပြီး analysts လုပ်ရပါတယ်။ pipe တွေ မီးကြိုးတွေ အဆင်ပြေမပြေ space လောက်မလောက် ချိန်ညှိကြပါတယ်။

Civil designer ကလည်း သူ့အပိုင်းနဲ့သူ ဝင်ရောက်ဖြည့်ဆွဲတယ်။ နောက် Designer တွေ အားလုံးပေါင်းပြီး coordination တွေ ဆွဲရင်းလုပ်ရင်းနဲ့ central model တစ်ခု ရရှိလာပါတယ်။

အဲ့လို central model တစ်ခု ဆိုတာက လက်တွေ့မှာ အောင်မြင်စွာ ဆောက်လုပ်ပြီးစီးသွားတဲ့ အဆောက်အဦး တစ်လုံးအလား မြင်တွေ့ရမှာ ဖြစ်ပါတယ်။ BIM 3D model ရဲ့ အားသာချက်တစ်ခုက 3D model တစ်ခုလုံးကို section များစွာ အပိုင်းပိုင်းဖြတ်ကြည့်လို့ရတာပဲဖြစ်ပါတယ်။ နောက်ပြီး 2D elevation ထပ်ဆွဲစရာမလိုပဲ လက်ရှိ 3D ကနေ အလိုအလျောက် Elevation အားလုံးကို ထုတ်ကြည့်နိုင်ပါသေးတယ်။ ကျနော်တို့ Detail Drawing တွေအတွက်လည်း 3D model ကနေ အပိုင်းပိုင်ဖြတ်တဲ့ section တွေ detail view သီးသန့်တွေ ဆွဲခေါ်ထုတ်လို့ရပါသေးတယ်။

နောက်အပိုင်းတစ်ခုက Schedule တွေ ထုတ်ယူလို့ရခြင်းဖြစ်ပါတယ်။ ဒီအဆောက်အဦး ပြီးမြောက်ဖို့ column ဘယ်နလုံး ဘယ်size တွေသုံးလဲ Wall schedule, rebar schedule, beam schedule, သစ်သားထည့်သုံးရင် Wood schedule, floor Schedule, Floor tile schedule အစရှိတဲ့ schedule ပေါင်းများစွာအပြင် အထဲမှာ ထည့်သုံးတဲ့ facility တွေ furniture အမျိုးအစားတွေ အရေအတွက်တွေ အားလုံးလည်း Schedule ထုတ်လို့ရပါတယ်။ QS engineer တွေအတွက် လိုအပ်သမျှ တွေကို တခုခြင်း လိုက်ကြည့်စရာမလိုပဲ BIM model တခုထဲကနေ အချိန်ကုန်သက်သာပြီး တိကျစွာ ရရှိစေမှာ ဖြစ်ပါတယ်။

ရရှိလာတဲ့ drawing တွေ Schedule တွေကို ကိုယ်ပိုင် title block တွေနဲ့အတူ Document တွေအဖြစ်ရရှိဦးမှာဖြစ်ပါတယ်။
Drawing Expression အကြောင်းလေးလဲ ပြောကြည့်ရအောင်။
ကျနော်တို့ design company တွေ construction company တွေဟာ drawing expression ကောင်းဖို့ဆိုတာလည်း အရေးကြီးတဲ့ အချက်တစ်ခုလည်းဖြစ်ပါတယ်။ Client’s impression တစ်ခုဖြစ်ပေါ်စေတဲ့ အဓိက အချက်တွေထဲက တစ်ချက်လည်းဖြစ်တယ်။
တချို့က BIM က Autocad လောက် Detail တွေနဲ့ Drawing Expression တွေ ထုတ်မရဘူးလို့ပြောကြတယ်။ တချို့နိုင်ငံခြားသား Architect တွေကိုက အဲ့လိုမျိုးတွေ အမှားယူဆထားတက်ကြတယ်။ တကယ်က မဟုတ်ဘူးဗျ။ BIM software ထဲမှာ line weight line scale အားလုံး ချိန်ညှိလို့လည်းရသလို Detail drawing ကို တိတိကျကျကို ထုတ်လို့ရပါတယ်။ ကျနော်ကိုယ်တိုင် စမ်းသပ်ချိန်ညှိပြီး Output ထွက်မှ အာမခံပြောတာပါ။ Central model ကိုက လက်တွေ့မှာ ဆောက်ပြီးသား အဆောက်အဦး တစ်ခုပုံဖြစ်နေခဲ့တာလေ။ ကဲ အကုန်ထုတ်လို့ရနေတယ်။ ဘာလိုသေးလဲ 😊😂😂

ရေးသားသူ- သျှားသက်ဇော်
Part-3 ~. soon…..

Leave a Comment

Your email address will not be published. Required fields are marked *