What is BIM (Part-3)

ဒီတစ်ခါ BIM part 3 မှာပြောမဲ့ အကြောင်းအရာက BIM model တစ်ခုဟာ construction တစ်ခုမှာ ဘယ်လိုအရေးပါသလဲဆိုတာပါ။ အရင် Part 1 နဲ့ Part 2 မှာပြောခဲ့သလိုပဲ ကျနော်တို့ဟာ BIM model ကနေ drawing documents ရယ် QS သမားတွေအတွက် အလွန်အသုံးဝင်တဲ့ Schedule အစုံထွက်လာပြီ ဆိုပါစို့။ Construction စဖို့အတွက် ကျတော်တို့ MS project နဲ့ Construction Schedule စဆွဲရပါတယ်။ အဲ့ဒီ Schedule ထဲမှာ ကျနော်တို့ expect လုပ်ထားတဲ့ planning time ရှိတယ်။ ဥပမာ ဘယ်နေ့ဘယ်ရက်မှာ site cleaning လုပ်မယ် temporary work တွေစမယ် Excavation စမယ် pile ရိုက်မယ် သံချောင်းစီမယ် အစရှိသည်ဖြင့်ပေါ့ Construction စကတည်းကနေ အဆုံးထိ အခြေအနေတွေကို Schedule ဆွဲထားသည်ပေါ့ဗျာ။ အဲ့ဒီ Schedule နဲ့ ကျနော်တို့ ပထမဆွဲထားတဲ့ BIM model နဲ့ကို plug in တွေ software တွေကြားခံပြီး ထပ်ချိတ်လိုက်မယ်။ ပြီးတော့ simulation ဝင်လိုက်မယ်။
ကျနော်တို့ဘာတွေရမလဲဆိုတော့

ကျနော်တို့ရဲ့ BIM model က ကျနော်တို့ planning ချထားတဲ့ time schedule အရ ဘယ်နေ့ဘယ်ရက်မှာ ဘယ်လို့အဆင့်တွေ ပြီးမြောက်သွားမလဲဆိုတာ ကျနော်တို့ လက်တွေ့မှာ အဆောက်အဦးဆောက်တာကို မြင်နေရသလိုမျိုး computer ကနေတွေ့နေရပါလိမ့်မယ်။ လက်တွေ့ပိုင်းကိုရော မသိရနိုင်ဘူးလား? သိရနိုင်ပါတယ်။ လက်တွေ့construction field တွေမှာကျနော်တို့ချပေးထားတဲ့ schedule အတိုင်း ပီးမပီးကိုလည်း checking ဝင်လို့ရသလို Actual work ကိုလည်း schedule ထဲထည့် simulation run ပြီး Planning Actual ကိုလည်း ပြန်လည် စစ်ဆေးလို့ရပါတယ်။ လက်တွေ့မှာ ဘာတွေဘယ်လောက်ပြီးလည်း on site သွားကြည့်စရာမလိုပဲ ကျနော်တို့ ရုံးအတွင်း monitor ကြည့်ပြီး သိသည်ပေါ့ဗျာ။
နောက်တစ်ခုက လက်တွေ့ဆောက်လုပ်တဲ့အခါ ဆောက်လုပ်ရေးတွေမှာ ဝင်တက်တဲ့ error တွေ ဥပမာ ပစ္စည်းအထားအသို အရွေ့အပြောင်းတွေ ပစ္စည်းဝယ်ယူမှု timing တွေကို စစ်ဆေးချိန်ညှိ ပြင်ဆင်ထားလို့ရပါတယ်။

BIM model က ဆောက်လုပ်တဲ့အထိပဲအရေးပါသလား?

Construction တစ်ခုထဲအတွက်မဟုတ်ပါဘူး။ Demolition work တွေ Operation work တွေနဲ့ Renovation work တွေမှာပါ အသုံးဝင်ပါသေးတယ်။ အဲ့ဒါတွေကြောင့် town တစ်ခု တည်ဆောက်မလား City တစ်ခုဖန်တီးမလား data အပြည့်အစုံ Information အစုံအလင်နဲ့ နောက်ပိုင်း foreigner Construction တော်တော် များများမှာ BIM ကို လက်တွေ့အသုံးပြုနေကြသလို တချို့ကလည်း အသုံးပြုနိုင်ဖို့ ကြိုးစားနေကြပါတယ်။ ကျနော်သိသလောက် local company တွေတော့ fee မနိုင်တာလား technical knowledge အားနည်းနေသေးသလားတော့မသိ အိပ်ကောင်းနေကြပါတယ်။ 😜

အောက်က presentation document တွေထဲမှာ output တချို့လည်းထည့်ပေးထားတယ်လေ့လာလို့ရပါတယ်။ Student’s Show presentation မှာပြတဲ့ Simulation လုပ်ထားတဲ့ video တခုကိုလည်း လိုင်းကောင်းရင် ထည့်ပေးထားပါမယ်။ MS project ဆွဲတုန်းက procedure မှာ error နဲနဲဝင်သွားတာရယ် ပွဲအတွက်ပြင်ဆင်မှုအချိန်က ကပ်သွားတာရယ်ကြောင့် error လေးတွေ့ရင် သီးခံပေးပါဦး။ သိသလောက်မျှဝေပါတယ်။
ကြားထဲနဲနဲအလုပ်ရှုပ်သွားလို့ part 3 ကနောက်ကျသွားပါတယ်။
စာရေးဖို့အချိန်ရသေးရင် BIM & VR အကြောင်းလေး ရေးပေးပါဦးမယ်။

ရေးသားသူ=သျှားသက်ဇော်
~~~~~~~~ The end~~~~~~~~

WHAT IS “BIM” (PART-2)

What are it’s collaboration?

BIM model နဲ့ သူရဲ့ ဆက်စပ် လုပ်ငန်းခွင်တွေ ဘာတွေရှိမလဲ လေ့လာကြည့်ကြမယ်ဆိုရင် အပိုင်း ၃ ပိုင်း နဲ့ သက်ဆိုင်ပါတယ်။
1. Design
2. Construction
3. Operation စတဲ့ အပိုင်း ၃ ပိုင်းမှာ ပါဝင် ပါတ်သက်နေပါတယ်။
အောက်မှာ ပြထားတဲ့ collaboration ပုံလေးကို လေ့လာနိုင်ပါတယ်။

ပထမဆုံး Design stage မှာ ဘယ်လို အသုံးဝင်လည်း ဘယ်လိုပါဝင်ပါတ်သက်နေလဲ လေ့လာကြည့်ရအောင်။
ကျနော်တို့ Design Stage မှာ
1. Conceptual stage
2. Schematic stage
3. Detail design stage
4. Shop drawing or construction stage အစရှိတဲ့ stage ပေါင်းများစွာအတွက် drawing တွေ 2D profile detail တွေ အစုံ ထုတ်လို့ရပါတယ်။
ကျနော်တို့ Design Group တစ်ခုရှိတယ်ဆိုပါဆို့။
အဲ့ဒီ Design group တခုမှာ ကျနော် Architect 1ယောက် Structural designer 1ယောက် Mechanical designer 1ယောက် Electrical designer 1ယောက် Civil designer 1ယောက်နဲ့ Drafting designer 1ယောက် Generally ပါဝင်မယ်ပေါ့ဗျာ။

အဲ့မှာ Architect သမားက စပြီး သူ့ layout 3Dကို စဆွဲလိုက်ပြီ။ layout ရဲ့ ပထမ အဆင့်အပြီးမှာ Structural designer နဲ့ M&E designer အပိုင်းတွေဟာ သူတို့ ကဏ္ဌအလိုက် ပါဝင်လာမယ်။

Structural designer က သူနဲ့ သက်ဆိုင်တဲ့ Structure အပိုင်းတွေ အားလုံးကို manage စဝင်လုပ်ပြီ။ သံချောင်း concrete အချိုးအစားတွေနဲ့ model ထည့်ပြီး analyzing ဝင်တယ်ပေါ့။ အဲ့ ဒီမှာ error တက်တာနဲ့ Archi နဲ့ Structure coordination ပြန်ဝင်ပေါ့။ ဘယ်နေရာကတော့အဆင်မပြေဘူး အဆင်ပြေတယ် ဒီဇိုင်းပြောင်းသင့် မပြောင်းသင့် size တွေ ပြင်သင့် မပြင်သင့် ဘာညာပေါ့။

M&E designer ကလည်း သူနဲ့ သက်ဆိုင်တဲ့ အပိုင်းတွေကို ဖြည့်ပြီး analysts လုပ်ရပါတယ်။ pipe တွေ မီးကြိုးတွေ အဆင်ပြေမပြေ space လောက်မလောက် ချိန်ညှိကြပါတယ်။

Civil designer ကလည်း သူ့အပိုင်းနဲ့သူ ဝင်ရောက်ဖြည့်ဆွဲတယ်။ နောက် Designer တွေ အားလုံးပေါင်းပြီး coordination တွေ ဆွဲရင်းလုပ်ရင်းနဲ့ central model တစ်ခု ရရှိလာပါတယ်။

အဲ့လို central model တစ်ခု ဆိုတာက လက်တွေ့မှာ အောင်မြင်စွာ ဆောက်လုပ်ပြီးစီးသွားတဲ့ အဆောက်အဦး တစ်လုံးအလား မြင်တွေ့ရမှာ ဖြစ်ပါတယ်။ BIM 3D model ရဲ့ အားသာချက်တစ်ခုက 3D model တစ်ခုလုံးကို section များစွာ အပိုင်းပိုင်းဖြတ်ကြည့်လို့ရတာပဲဖြစ်ပါတယ်။ နောက်ပြီး 2D elevation ထပ်ဆွဲစရာမလိုပဲ လက်ရှိ 3D ကနေ အလိုအလျောက် Elevation အားလုံးကို ထုတ်ကြည့်နိုင်ပါသေးတယ်။ ကျနော်တို့ Detail Drawing တွေအတွက်လည်း 3D model ကနေ အပိုင်းပိုင်ဖြတ်တဲ့ section တွေ detail view သီးသန့်တွေ ဆွဲခေါ်ထုတ်လို့ရပါသေးတယ်။

နောက်အပိုင်းတစ်ခုက Schedule တွေ ထုတ်ယူလို့ရခြင်းဖြစ်ပါတယ်။ ဒီအဆောက်အဦး ပြီးမြောက်ဖို့ column ဘယ်နလုံး ဘယ်size တွေသုံးလဲ Wall schedule, rebar schedule, beam schedule, သစ်သားထည့်သုံးရင် Wood schedule, floor Schedule, Floor tile schedule အစရှိတဲ့ schedule ပေါင်းများစွာအပြင် အထဲမှာ ထည့်သုံးတဲ့ facility တွေ furniture အမျိုးအစားတွေ အရေအတွက်တွေ အားလုံးလည်း Schedule ထုတ်လို့ရပါတယ်။ QS engineer တွေအတွက် လိုအပ်သမျှ တွေကို တခုခြင်း လိုက်ကြည့်စရာမလိုပဲ BIM model တခုထဲကနေ အချိန်ကုန်သက်သာပြီး တိကျစွာ ရရှိစေမှာ ဖြစ်ပါတယ်။

ရရှိလာတဲ့ drawing တွေ Schedule တွေကို ကိုယ်ပိုင် title block တွေနဲ့အတူ Document တွေအဖြစ်ရရှိဦးမှာဖြစ်ပါတယ်။
Drawing Expression အကြောင်းလေးလဲ ပြောကြည့်ရအောင်။
ကျနော်တို့ design company တွေ construction company တွေဟာ drawing expression ကောင်းဖို့ဆိုတာလည်း အရေးကြီးတဲ့ အချက်တစ်ခုလည်းဖြစ်ပါတယ်။ Client’s impression တစ်ခုဖြစ်ပေါ်စေတဲ့ အဓိက အချက်တွေထဲက တစ်ချက်လည်းဖြစ်တယ်။
တချို့က BIM က Autocad လောက် Detail တွေနဲ့ Drawing Expression တွေ ထုတ်မရဘူးလို့ပြောကြတယ်။ တချို့နိုင်ငံခြားသား Architect တွေကိုက အဲ့လိုမျိုးတွေ အမှားယူဆထားတက်ကြတယ်။ တကယ်က မဟုတ်ဘူးဗျ။ BIM software ထဲမှာ line weight line scale အားလုံး ချိန်ညှိလို့လည်းရသလို Detail drawing ကို တိတိကျကျကို ထုတ်လို့ရပါတယ်။ ကျနော်ကိုယ်တိုင် စမ်းသပ်ချိန်ညှိပြီး Output ထွက်မှ အာမခံပြောတာပါ။ Central model ကိုက လက်တွေ့မှာ ဆောက်ပြီးသား အဆောက်အဦး တစ်ခုပုံဖြစ်နေခဲ့တာလေ။ ကဲ အကုန်ထုတ်လို့ရနေတယ်။ ဘာလိုသေးလဲ 😊😂😂

ရေးသားသူ- သျှားသက်ဇော်
Part-3 ~. soon…..

What is BIM? (Part 1)

BIM = building Information Modeling
Building Information Model
လို့ခေါ်တယ်

BIM ဆိုတာ software တစ်ခု မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၃နှစ်ကျော်လောက်က ကျနော် Architecture software တွေလေ့လာရင်းနဲ့ ကျနော်စတွေ့ခဲ့တယ်။ ကျနော်လည်း အစကတော့ software ထင်လို့ လိုက်ရှာကြည့်တယ်။ တကယ်ကတော့ software တခုမဟုတ်ပါဘူး။ အပေါ်မှာပြောထားတဲ့ အဓိပ္ပါယ်လိုပဲ အဆောက်အဦး တစ်ခုလုံးရဲ့ အသေးစိတ် အချက်အလတ်အားလုံးကို computer မှာတည်ဆောက်ထားတဲ့ model တစ်ခုကနေ အားလုံး ရနိုင်ခြင်းပါပဲ။

BIM ရဲ့ model က ဘယ်လိုမျိုးလဲ?

ကျနော်တို့ အခု 3D တွေ ဆွဲနေကြတယ်
အဆောက်အဦးပုံလေးပေါ်လာအောင် အတုံးလေးတွေ အဝိုင်းလေးတွေနဲ့ ပုံစံချတယ်။ ကာလာသွင်းတယ်။
အဲ့လိုအပေါ်က ဟာမျိုးတွေလုံးဝမဟုတ်ရပါဘူး။
BIM model မှာ ချဆွဲလိုက်တဲ့ အရာတိုင်းမှာ သက်မှတ်ချက်လေးတွေ specification လေးတွေရှိပါတယ်။
လေးထောင့်တုံးခြင်းအတူတူ တစ်တုံးက brick specification ဖြစ်ပီး နောက်တစ်တုံးက concrete specification ဖြစ်နေရင် သူ့နေရာမှာသူ လက်တွေ့မှာ တပ်ဆင်သလိုမျိုး အမှန်အတိုင်း တပ်ဆင်ဆွဲသားခြင်းဖြစ်ပါတယ်။BIM model တစ်ခုကို Architect တစ်ယောက်တည်းက တည်ဆောက်ရခြင်းမဟုတ်ပါ။ Structure , Mechanical, Electrical နဲ့ Civil designer စတဲ့ Designer တွေစုပြီး ပူးပေါင်းတည်ဆောက်ထားတာမျိုးဖြစ်ပါတယ်။ BIM model တစ်ခု ဖြစ်လာဖို့ software တစ်မျိုးတည်းနဲ့ 3D model တည်ဆောက်ရခြင်းမဟုတ်ပါဘူး။ specification သက်မှတ်လို့ရတဲ့ modeling software, ဆွဲထားတဲ့ model ရဲ့ structure တွေကို စစ်ဆေး ချိန်ညှိလို့ရတဲ့ analyzing software, Mechanical & Electrical တွေရဲ့ model တွေထည့်သွင်းပြီး analyzing လုပ်လို့ရမယ့် software အစရှိတဲ့ software တွေ ချိတ်ဆက်ပြီး collaboration model တစ်ခုကို ဖန်တီးခြင်းဖြစ်ပါတယ်။

ရေးသားသူ- သျှားသက်ဇော်