BIM = building Information Modeling
Building Information Model
လို့ခေါ်တယ်

BIM ဆိုတာ software တစ်ခု မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၃နှစ်ကျော်လောက်က ကျနော် Architecture software တွေလေ့လာရင်းနဲ့ ကျနော်စတွေ့ခဲ့တယ်။ ကျနော်လည်း အစကတော့ software ထင်လို့ လိုက်ရှာကြည့်တယ်။ တကယ်ကတော့ software တခုမဟုတ်ပါဘူး။ အပေါ်မှာပြောထားတဲ့ အဓိပ္ပါယ်လိုပဲ အဆောက်အဦး တစ်ခုလုံးရဲ့ အသေးစိတ် အချက်အလတ်အားလုံးကို computer မှာတည်ဆောက်ထားတဲ့ model တစ်ခုကနေ အားလုံး ရနိုင်ခြင်းပါပဲ။

BIM ရဲ့ model က ဘယ်လိုမျိုးလဲ?

ကျနော်တို့ အခု 3D တွေ ဆွဲနေကြတယ်
အဆောက်အဦးပုံလေးပေါ်လာအောင် အတုံးလေးတွေ အဝိုင်းလေးတွေနဲ့ ပုံစံချတယ်။ ကာလာသွင်းတယ်။
အဲ့လိုအပေါ်က ဟာမျိုးတွေလုံးဝမဟုတ်ရပါဘူး။
BIM model မှာ ချဆွဲလိုက်တဲ့ အရာတိုင်းမှာ သက်မှတ်ချက်လေးတွေ specification လေးတွေရှိပါတယ်။
လေးထောင့်တုံးခြင်းအတူတူ တစ်တုံးက brick specification ဖြစ်ပီး နောက်တစ်တုံးက concrete specification ဖြစ်နေရင် သူ့နေရာမှာသူ လက်တွေ့မှာ တပ်ဆင်သလိုမျိုး အမှန်အတိုင်း တပ်ဆင်ဆွဲသားခြင်းဖြစ်ပါတယ်။BIM model တစ်ခုကို Architect တစ်ယောက်တည်းက တည်ဆောက်ရခြင်းမဟုတ်ပါ။ Structure , Mechanical, Electrical နဲ့ Civil designer စတဲ့ Designer တွေစုပြီး ပူးပေါင်းတည်ဆောက်ထားတာမျိုးဖြစ်ပါတယ်။ BIM model တစ်ခု ဖြစ်လာဖို့ software တစ်မျိုးတည်းနဲ့ 3D model တည်ဆောက်ရခြင်းမဟုတ်ပါဘူး။ specification သက်မှတ်လို့ရတဲ့ modeling software, ဆွဲထားတဲ့ model ရဲ့ structure တွေကို စစ်ဆေး ချိန်ညှိလို့ရတဲ့ analyzing software, Mechanical & Electrical တွေရဲ့ model တွေထည့်သွင်းပြီး analyzing လုပ်လို့ရမယ့် software အစရှိတဲ့ software တွေ ချိတ်ဆက်ပြီး collaboration model တစ်ခုကို ဖန်တီးခြင်းဖြစ်ပါတယ်။

ရေးသားသူ- သျှားသက်ဇော်

Leave a Comment

Your email address will not be published. Required fields are marked *