တရက် Customer Behavior သင်နေရင်း customer တွေဟာ Individualism နဲ့ Collectivism ကွဲတာတွေ တီချယ်က ပြောနေတယ်။ ကိုယ့်အတွေးတွေက ဒီ Individualism နဲ့ Collectivism ဆိုတာနဲ့ပါတ်သက်ပြီး ဝန်ထမ်းရေးရာ အပိုင်းရယ်နဲ့ ဒီနေ့ခေတ် လူငယ်တွေရဲ့ လမ်းကြောင်းသွေဖယ်မှုတွေကို ဆက်စပ်တွေးမိတယ်။ ဒါနဲ့ပဲ ဒီpost လေး Share ပေးဖို့ အကြောင်းဖန်လာတယ်ဆိုပါတော့။ Individualism နဲ့ Collectivism ဆိုတာ လူတွေရဲ့ Personality ကွဲပြားမှုတွေပါ။ Individualists တွေဟာ တစ်ဦးတစ်ယောက်တည်း စွမ်းရည် ပိုင်ဆိုင်သူတွေပါ။ Case တစ်ခု Duty တစ်ခုအပေါ်မှာ Problem ရော Solution ရောကို ကိုယ်ပိုင်အတွေးအခေါ်နဲ့ စဉ်းစားဆုံးဖြတ်နိုင်ပါတယ်။ ဆန်းသစ်တဲ့အတွေးအခေါ်တွေနဲ့ အရာရာကို တိုးတက်ပြောင်းလဲပေးဖို့ ဝန်မလေးတဲ့သူတွေဖြစ်ပါတယ်။ များသောအားဖြင့် Innovators, Entrepreneur အစရှိတဲ့ Self starter အများစုဟာ Individualism တွေဖြစ်ပါတယ်။ Collectivism ဆိုတာက အများနဲ့ ဝိုင်းဖွဲ့ အလုပ်လုပ်တက်သူတွေပါ။ တစ်ခုခု ပြောင်းလဲဖို့ ဆုံးုဖတ်ဖို့အတွက် အများသဘောတူညီချက်နဲ့မှ အလုပ်လုပ်ကိုင်သူတွေဖြစ်ပါတယ်။ သုံးနေကျ ပုံမှန်နည်းလမ်းကနေ သွေဖယ်ပြီး အသစ်အဆန်းတွေ ပြောင်းလဲဖို့ ဝန်လေးတက်ကြပါတယ်။ အလုပ်တစ်ခု တာဝန် တစ်ခုကို အသင်းအဖွဲ့နဲ့ ခွဲဝေဆုံးဖြတ် အလုပ်လုပ်ကြပါတယ်။ Collectivism အများစုဟာ Team player, Team worker တွေဖြစ်ကြပါတယ်။ Individualism ရော collectivism ရောဟာ ကုမ္ပဏီ တစ်ခုအတွက် သူ့နေရာနဲ့သူ အရေးပါကြပါတယ်။ သို့ပေမယ့် သူတို့တွေကို Personality အလိုက် နေရာထားတက်ဖို့က သာပြီး အရေးပါလှပါတယ်။ Collectivism တွေစုနေတဲ့ အုပ်စု တစ်စုကို Individualism တစ်ဦးက ဦးဆောင်မယ်ဆိုပါစို့ ကောင်းမွန် ညီညွတ်တဲ့ Team တစ်ခု ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။ Individualism တစ်ထို့ယောက်အက Collectivism နေရာမှာ အလုပ်တူလုပ်ပဲကိုင်လို့ အဆင်မပြေသလို Collectivism တစ်ယောက်ဟာ Individualism ရဲ့တာဝန်ကို ထမ်းဆောင်ရင်လည်း ဒုက္ခနဲ့ လှလှနဲ့တွေ့နိုင်ပါတယ်။ ကုမ္ပဏီ တစ်ခုနဲ့ တစ်ခုဟာလည်း Individualism သဘောသက်ရောက်တဲ့ ကုမ္ပဏီ နဲ့ Collectivism သဘော သက်ရောက်တဲ့ ကုမ္ပဏီရယ်လို့ ကွာခြားမှုရှိပါတယ်။ အရှေ့တောင် အာရှ ကုမ္ပဏီအများစုဟာ Collectivism တွေဖြစ်ပြိး US အပါအဝင် အနောက်နိုင်ငံ ကုမ္ပဏီ အများစုဟာ Individualism ဖြစ်ကြပါတယ်။ လက်တွေ့အရဆို ကိုယ် ဂျပန် ကုမ္ပဏီမှာ အလုပ်လုပ်တော့ နည်းပညာနဲ့ပါတ်သက်ပြီး တစ်ချို့သော Ease & speed နည်းလမ်းတွေကို ကိုယ့်ရဲ့ Workmate တွေနဲ့ Sharing လုပ်ပြီး အသုံးပြုဖူးပါတယ်။ တချို့သော ပိုမိုအဆင်ပြေစေမယ့် နည်းလမ်း အသစ်တွေကို Supervisor ကို Upgrade လုပ်ဖို့ တင်ပြဖူးပါတယ်။ Supervisor ကလည်း အဆင်ပြေ ညီညွတ်ကြောင်း လက်ခံခဲ့ပေမယ့် Setting မချနိုင်ခဲ့ပါဘူး။ အကြောင်းပြချက်ကတော့ အိုမင်းနေပြီဖြစ်တဲ့ တဖတ်နိုင်ငံက ကုမ္ပဏီအကြီးအကဲတွေဟာ နည်းလမ်းအသစ်တွေကို သင်ယူဖို့ရာ အဆင်မပြေလှတာကြောင့်လို့ဆိုပါတယ်။ ဒီလိုအခြေအနေဟာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှနိုင်ငံရဲ့ ကုမ္ပဏီတော်တော်များများဖြစ်နေတက်တဲ့ သတိမထားမိတဲ့အလေ့အကျင့်တစ်ခုလိုဖြစ်နေပါတယ်။ ကုမ္ပဏီတစ်ခု ပုံမှန်ကောင်းမွန်စွာလည်ပါတ်နိုင်ဖို့ Collectivism အမြောက်အမြား လိုအပ်သလို စျေးကွက်ထဲ သူများထက်သာလွန်စွာထိုးဖောက်နိုင်ဖို့ Individualism တွေဟာလည်း အရမ်းကို အရေးပါလှပါတယ်။ ဒီအချက်က လက်ရှိ တိုးတက်အောင်ပြုလုပ်နေပါတယ်ဆိုတဲ့ မြန်မာနိုင်ငံ ကုမ္ပဏီ အများစု သတိပြုသင့်တဲ့အချက်ပါ။ နောက်တစ်ချက်က လုပ်ငန်းခွင် ဝင်တော့မယ့် လူငယ်တွေ လက်ရှိလုပ်ငန်းခွင်ဝင်နေသူတွေနဲ့ ၁၀တန်းပြီးလို့ တက္ကသိုလ်ကူးပြောင်း လူငယ်တွေအတွက်လည်း မိမိကိုယ်မိမိ Individualism လား Collectivism လား ခွဲခြားသိမြင်တက်ဖို့လိုပါတယ်။ နေရာလွဲနေလို​့ လုပ်ငန်းခွင် အဆင်မပြေတာ ကြောင့် အလုပ်ထွက်တာတွေ ဝင်တာတွေ များနေတက်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ဝန်ထမ်းခန့်အပ်ရေးမှ သက်ဆိုင်သူတွေရဲ့ အရည်အချင်းပါပဲ။ သူတို့တွေဟာ ဝန်ထမ်းရဲ့ စွမ်းရည်ကို သေချာလေ့လာသုံးသပ်ပြီး နေရာချထားတက်ဖို့ အရမ်းအရေးကြီးပါတယ်။ နေရာလွဲမှားမှုတွေကြောင့် ရေရှည်အလုပ်မလုပ်နိုင်ကြတဲ့အချက်က အဓိကအချက်တစ်ချက်အနေနဲ့ပါဝင်နေပါတယ်။ တဖက်ကပြောရပြန်ရင်လည်း Individualism လား Collectivism လား မရေရာပဲ Leadership သင်တန်းမှာ ပြုံနေကြတဲ့အဖြစ်တွေလည်းများပါတယ်။ Individualism ရော collectivism ရောဟာ သူ့နေရာနဲ့သူ အရေးပါလှတဲ့ Personality တွေချည်းပါပဲ။ ဒီလောက်ဆို Future career ရော Growth အတွက်ရော စဉ်းစားစရာ အချက်တစ်ချက်တော့ရမယ်ထင်ပါတယ်။

Sharr Thet Zaw

https://www.facebook.com/sharrideology/posts/784053275365716?__tn__=K-R

Leave a Comment

Your email address will not be published. Required fields are marked *