AR ရဲ့အရှည်က Augmented Reality Technology ဖြစ်ပါတယ်။
တချို့တွေကတော့ VR Headset နဲ့သုံးတာမျိုးကို AR နဲ့ မှားနေကြပြီး တချို့တွေက ရုပ်ပုံတွေ Video တွေပေါ်မှာ စာတွေရေးတာကို AR နှင့်မှားနေတတ်ကြပါတယ်။
AR ကိုလွယ်လွယ်ပြောရမယ်ဆိုရင် ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးတဲ့ Tech လို့ပဲ ပြောချင်ပါတယ်။
ပထမကမ္ဘာတစ်ခုက Sharr တို့ မျက်လုံးနဲ့ မြင်နေရတဲ့ အစစ်အမှန် ဒီကမ္ဘာကြီးရှိတယ်။ ဒုတိယတစ်ခုက ကွန်ပြူတာနဲ့ ဖန်တီးထားတဲ့ ကမ္ဘာကြီးရှိမယ်။ အဲ့ ၂ ခု ချိတ်ဆက်ပေးတာကို AR လို့ခေါ်ပါတယ်။
လက်တွေ့ ကမ္ဘာမှာ မရှိတဲ့ အရာတွေ၊ မရှိသေးတဲ့ အရာတွေကို ဖန်တီးဖို့အတွက် AR ကို သုံးပါတယ်။ဥပမာအားဖြင့် Sharr တို့ စတိုးဆိုင်မှာ အင်္ကျီတစ်ထည် တွေ့တယ် ဆိုပါစို့။ အဲ့ဒီအင်္ကျီရဲ့ Size၊ ဘာအသားနဲ့ လုပ်ထားတယ်၊ ဘယ်နိုင်ငံက ထုတ်တယ် စတာတွေက မြင်ရုံနဲ့ မသိနိုင်ပါဘူး။သူ့ရဲ့ website ထဲမှာတော့ အဲ့ဒီ အချက်အလက်တွေ အားလုံး ရှိပါတယ်။
ဒီအခြေအနေမှာ AR application သုံးထားတဲ့ Softwareတစ်ခုကို သုံးပြီး အဲဒီအင်္ကျီကို ကြည့်လိုက်မယ်ဆိုရင် ကြည့်တဲ့သူက အင်္ကျီတင်မကဘူး သူ့နဲ့ သက်ဆိုင်ရာ အချက်အလက်တွေပါတဲ့ layer တစ်ခု အပေါ်မှာ မြင်ရမှာ ဖြစ်ပါတယ်။ ဒါကတော့ မရှိတဲ့အရာကို ရှိအောင် ပုံဖော်ကြည့်ခြင်း ဖြစ်ပါတယ်။
အနီးစပ်ဆုံးဥပမာပေးရရင် Pokémon GO ပေါ့နော်။
Pokémon အကောင်လေးတွေက Sharr တို့ တကယ့် ကမ္ဘာမှာ မရှိပါဘူး။ ဒါပေမဲ့ ကွန်ပြူတာထဲမှာ ရှိပါတယ်။ Pokémon GO က အဲ့နှစ်ခုကို ချိတ်ဆက်ထားတာပဲ ဖြစ်ပါတယ်။
နောက်တစ်ခုက Sharr တို့ မြန်မာနိုင်ငံရဲ့ Education ပိုင်းမှာ AR ကိုသုံးလာတဲ့ app တစ်ခုရှိပါတယ် အဲတာကတော့”360 ed” ဆိုတဲ့ Application ပါ။
ကလေးတွေရဲ့ ဖတ်စာအုပ်တွေမှာ သုံးပါတယ်။ ကလေးတွေကို နားလည်အောင် 3D သုံးပြီး ရှင်းပြတာမျိုး ဖြစ်ပါတယ်။

Pingback: What is Mixed Reality? – SHARRTZ.ORG