AR ဆိုတာ လက်တွေ့ ကမ္ဘာကိုအသုံးချထားတဲ့ နည်းပညာဖြစ်ပြီးVR ကတော့ ကွန်ပြူတာကမ္ဘာကို အသုံးချထားတဲ့ နည်းပညာပဲဖြစ်ပါတယ်။AR ကတော့ လက်တွေ့ကမ္ဘာရဲ့ လှုပ်ရှားမှုတွေ တည်ရှိမှုတွေနဲ့ထိန်းချုပ်လို့ ရနေပြီးတော့VR ကတော့ System ကနေ ထိန်းချုပ်ခြင်းဖြစ်ပါတယ်။VR ကို အသုံးပြုဖို့အတွက် Headset device တွေ လိုအပ်ပြီး AR ကို အသုံးပြုဖို့ဆိုရင်တော့ Smart phone တစ်လုံးပဲ လိုအပ်မှာဖြစ်ပါတယ်။AR က Virtual world နဲ့ Real world နှစ်ခုစလုံးကို အထူးပြုထားတာဖြစ်ပြီးတော့VR ကတော့စိတ်ကူးယဉ်ကမ္ဘာတစ်ခုကိုပဲ အထူးပြုထားတာဖြစ်ပါတယ်။MR ကိုတော့ AR နဲ့ VR ပေါင်းစည်းထားတဲ့ နည်းပညာလို့ပြောလို့ရပါတယ်။MR ကို အသုံးပြုမယ်ဆိုရင် VR လိုပဲ Headset device လိုအပ်မှာဖြစ်ပြီးAR မှာမြင်ရသလို Virtual နဲ့ Real world ၂ ခုကို ပေါင်းစပ်မြင်ရမှာဖြစ်ပါတယ်။AR VR ခြားနားချက်တွေနဲ့ MR အသုံးပြုပုံတွေကိုအောက်ကပုံတွေမှာ ဆက်လက်ကြည့်ရှု့နိုင်ပါတယ်။