Startup Weekend Yangon

In a country like Myanmar, entrepreneurship is a critical driver of economic growth and development. The startup scene in Myanmar is relatively new, but there are a few key figures who are driving it forward, such as Ms. Sharr Thet Zaw, Founder, and Mr. Soe San Aung, co-founder of Sharrtz Organization Myanmar.

Sharr Thet Zaw and Soe San Aung are both passionate about entrepreneurship and have dedicated themselves to creating opportunities for aspiring entrepreneurs in Myanmar. They are the founders of Sharrtz, a startup that provides software solutions to businesses in Myanmar. They are also actively involved in promoting entrepreneurship through their work as mentors with Startup Weekend Yangon, a non-profit organization that aims to support and encourage entrepreneurship in Myanmar.

Rotary Club of Yangon (Regular Meeting)

At 18 August 2022 regular meeting held by “Rotary Club Yangon”, Ms. Sharr Thet Zaw, The founder and CEO of Sharrtz organization Myanmar, spoke about “Virtual Solution for Future Business” as a guest speaker, and Mr Soe San Aung, co-Founder and CMO, shared his expertise in marketing point of view.
Rotary is a global network of 1.2 million neighbors, friends, and business and professional leaders, who see a world where people unite and take action to create lasting change in our communities, and in ourselves.
Rotary Club of Yangon is part of a network of 35,000+ clubs and works together to promote peace, fight disease, provide clean water, sanitation, and hygiene, save mothers and children, support education, and grow local economies.

Synthetic Training Environment (STE)

တကယ့်အစစ်အမှန်တိုက်ခိုက်ရေးနဲ့ လေ့ကျင်ရေးများက အလွန်ပဲခြားနားလှပါတယ်။ တကယ်တန်းလက်တွေ့ သေနတ်ပစ်ခတ်မှု ဖြစ်နေတဲ့ ပတ်ဝန်းကျင်မှာဆိုရင် တည်ငြိမ်မှု ရရှိဖို့ နဲ့ ဖုန်းခေါ်ဆိုဖို့အတွက်တောင် ခက်ခဲတာမျိုးတွေရှိတာ အမှန်ပါ။

ဒီလိုမျိုး ကိစ္စရပ်တွေကို ရှောင်ရှားနိုင်ဖို့အတွက်စစ်တန်းလျားတွေမှာ 2D ကဒ်ထူပြားတွေနဲ့ လေ့ကျင့်ခြင်းကအပြည့်အဝ ပြင်ဆင်နိုင်မှာ မဟုတ်ပါဘူး။ သို့သော် AR ကတော့ အဲဒီစိတ်ပျက်ဖွယ်အနေအထားကို အထောက့်အပံ့ပြုလုပ်ပေးနိုင်ပါတယ်။

Synthetic Training Environment (STE) ,ဖန်တီးထားသောလေ့ကျင့်ရေးပတ်ဝန်းကျင်က စစ်သားတွေကို ပိုမိုထိရောက်စွာလေ့ကျင့်သင်ကြားပေးခြင်း ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအတွက် ကူညီထောက်ပံ့ပေးဖို့အတွက် အသုံးဝင်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းက စစ်တပ်ရဲ့ ဓါတ်ခွဲခန်းမှာ ဆန်းသစ်တဲ့နည်းပညာနဲ့ စစ်လက်နက်တွေကို ပေါင်းစပ်ပြီးတော့ လေ့ကျင့်ရေးနဲ့ အစီစဥ်ရေးဆွဲခြင်းစစ်ပညာရပ်သင်ကြားခြင်း အပြင် စစ်လက်နက်ပစ္စည်းတွေ တပ်ဆင်တာ မျိုးတွေကိို အဓိကထားပြီး လုပ်ဆောင်နေပါတယ်။ 

ဖန်တီးထားသောလေ့ကျင့်ရေးပတ်ဝန်းကျင်(STE)ကို လုပ်ရတဲ့ အဓိကအကြောင်းအရင်းက စစ်ခေါင်းဆောင်တွေအနေနဲ့က ပိုပြီး မြင့်မားတဲ့ လက်နက်ဖန်တီးမှုတွေ ခံတပ်အဆောင်အအုံတည်ဆောက်မှု တွေလုပ်နိုင်ဖို့ပဲဖြစ်တယ်။

အထူးသဖြင့် ခြေမြန်တပ်ရင်းတွေ ၊ ကြီးတပ်နဲ့ ပက်သတ်တဲ့ လေ့ကျင့်ရေးတွေအတွက် မျှော်လင့်ချက်ကြီးကြီးနဲ့ ဆောင်ရွက်နေကြတာဖြစ်ပါတယ်

AR နဲ့ VR ကို စစ်ရေးမှာ အသုံးပြုခြင်းအားဖြင့် ၍ငွေကြေးသက်သာခြင်း၊ စစ်သားတွေအတွက် ပိုပြီးလုံခြုံတဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ခြင်းတို့အပြင် စစ်သားတွေအတွက် သိနိုင် မြင်နိုင်စွမ်းတွေကိုလဲ ပိုမိုကောင်းမွန်စေပါတယ်။

Official Navy Report အရ Video game ကစားတဲ့သူနဲ့ မကစားတဲ့ သူနဲ့ မှာ Game ကစားတဲ့ သူက အချက်အလက်တွေမှတ်ခြင်း ပုံရီပ်တွေမှတ်ထားခြင်း စတဲ့ အပိုင်းတွေမှာ ပိုမိုအားကောင်းပြီး AR VR နဲ့ လေ့ကျင့်မယ်ဆိုရင် ရုပ်ပုံတွေက ကွန်ပြူတာ Vision တွေနဲ့ ဖြစ်လို့ Game ကစားတဲ့သူက ပိုမိုကောင်းမွန်တာ လေ့ကျင့်နိုင်မယ်လို့ဖော်ပြထားပါတယ်။

ဒါကြောင့် AR VR နဲ အကူအညီနဲ့  စစ်သားတွေရဲ့သိမြင်မှုစွမ်းရည်ကို သိသိသာသာမြှင့်တင်ပေးနိင်ပြီး လက်တွေ့လေ့ကျင်မှုများနဲ့ ကွင်းဆင်းလေ့ကျင့်မှုတွေမှာလဲ အထောက်အကူဖြစ်မယ်ဆိုတာ သိသာပေါ်လွင်နေပြီဖြစ်ပါတယ်။ဖန်တီးထားသောလေ့ကျင့်ရေးပတ်ဝန်းကျင်(STE) က AR(ဖန်တီးထားသောကွန်ပြူတာ အမြင်)ရယ် လက်တွေ့ ကမ္ဘာရယ် လေ့ကျင့်ရေး နည်းပညာတွေကို ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။

Synthetic Training Environment (STE)
ဖန်တီးထားသောလေ့ကျင့်ရေးပတ်ဝန်းကျင်ကို အသုံးပြုခြင်းအားဖြင့်၊ Platform တစ်ခုတည်းမှာပဲ လေ့ကျင့်ရေးပေါင်းစုံကို ပြုလုပ်နိုင်တာပဲ ဖြစ်ပြီး အထူးအချက်အနေနဲ့ ကမ္ဘာရဲ့ဘယ်နေရာမှာ မဆို လေ့ကျင့်ရေးနယ်ပယ်လုပ်ဆောင်နိုင်တာပဲဖြစ်ပါတယ်။

အချုပ်အားဖြင့်ပြောရမယ်ဆိုရင် ဖန်တီးထားသောလေ့ကျင့်ရေးပတ်ဝန်းကျင်(STE)က အနာဂတ် AR နည်းပညာနဲ့ ပထမခြေလှမ်းဖြစ်ပြီး လေ့ကျင့်ရေး ဆင်းရမဲ့ နေရာအားလုံးကို Platform ဖြစ်ခုတည်းမှာ စုပေးထားတဲ့ နည်းပညာဖြစ်ပါတယ်။

AR in Military Training

နိုင်ငံတကာမှာ စစ်ရေးစစ်ရာလေ့ကျင့်ခြင်းနဲ့  တိုက်ခိုက်ရေးအဆင့်မြှင့်တင်ခြင်းတို့အတွက် နည်းပညာရဲ့အခန်းကဏ္ဍက ပထမဦးစားပေးနေရာဖြစ်လာခဲ့ပါပြီ။ ထိုနည်းပညာတွေထဲမှ AR နည်းပညာက အဓိကအနေနဲ့ ရှိနေပါတယ်။

Snapchat လိုမျိုးရိုးရှင်းတဲ့ AR သုံး app တွေ ပေါ်ထွက်လာမှုတွေက Military ဖက်က AR တိုးတတ်လာမှုတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မပြောပလောက်တဲ့ အရာတစ်ခုပါ။

Militaryနယ်ပယ်မှာ သူတို့ရဲ့ တိုက်လေယာဉ် နှင့် လေယာဉ်မှုးတွေအတွက် Overlay နည်းပညာလို့ခေါ်တဲ့ AR  နည်းပညာကို အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။

ခေတ်တွေ တိုးတတ်လာတာနဲ့ အညီ စစ်ပွဲတွေရဲ့ တိုက်ခိုက်မှုတွေကလဲ နည်းပညာတိုက်ပွဲတွေ အဖြစ်တိုးတတ်ပြောင်းလဲလာကြပါပြီ။ ထို့အပြင် Data & Graphic နည်းပညာ အထူးပြုလုပ်ချက်တွေကို စစ်ရေးမှာ ပိုမိုအသုံးပြုလာကြပါတယ်။

အနာဂါတ်မှာ တကယ့်လက်တွေတိုက်ခိုက်မှုတွေက သေနတ်ပစ် game တွေလိုမျိုး ဖြစ်လာနိုင်ပြီလားဆိုတာ စဉ်းစားစရာပါ။

ကမ္ဘာတစ်လွှာ AR Developerတွေက ယခုလိုမျိုးနည်းပညာစိန်ခေါ်မှုတွေနဲ့ ရင်ဘောင်တန်းပြီး ခေတ်သစ် စစ်ပွဲတွေကို စဉ်နွှဲဖို့ အသင့်အနေအထားဖြစ်အောင် ပြင်ဆင်နေကြပါတယ်။

Military တွေထဲမှာ AR တိုးတတ်ပြောင်းလဲလာပုံကို ဆက်လက်တင်ပြပါမယ်။ ထိုနည်းပညာကို တိုးပွားစစ်ဆင်ရေးညွှန်ကြားချက်(Warfare augmentation)လို့ အနီးစပ်ဆုံးဘာသာပြန်ပေးလို့ရပါတယ်။

တိုးပွားစစ်ဆင်ရေးညွှန်ကြားချက်(Warfare augmentation) မှာ နည်းလမ်း (၃) သွယ်ရှိပါတယ်။

ပထမဆုံးအနေနဲ့  Tactical Augmented Reality (TAR) ဆိုတဲ့နည်းပညာနဲ့ မိတ်ဆပ်ပေးပါရစေ။

Tactical Augmented Reality (TAR) ကို အလွယ်ဆုံးပြောရမယ်ဆိုရင် Military နယ်ပယ်ရဲ့ လက်နက်ပစ္စည်းတွေနဲ့ AR ကို ချိတ်ဆက်ပြီး အသုံးပြုတယ်လို့ဆိုနိုင်ပါတယ်။ ဒီနေရာမှာ Military နယ်ပယ်ရဲ့ပစ္စည်းတွေလို့ ပြောတဲ့အထဲမှ တိုက်လေယာဉ်တွေ စစ်ဦးထုပ်တွေမှာပါတဲ့မျက်မှန်စသည်တို့ အကုန်လုံးပါဝင်ပါတယ်။

အရေးကြီးတဲ့ သတင်းအချက်အလတ်တွေ Data တွေ ပစ်မှတ်တွေကို လေယာဉ်မှူး (သို့) စစ်သားတွေရဲ့ မျက်စိရှေ့က Layerပေါ်မှာ AR နည်းပညာသုံးပြီးတော့ ပေါင်းစည်းပြီး ကြည့်တာမျိုးဖြစ်ပါတယ်။

ယခုလိုမျိုး နည်းပညာမျိုးကို စတင်ပြုလုပ်ခဲ့တာကတော့ U.S. Army Research, Development and Engineering Command’s Communications-Electronics Research, Development and Engineering Center (CERDEC) ပဲဖြစ်ပါတယ်။

Tactical Augmented Reality (TAR) က အနီးစပ်ဆုံးပြောရရင်  ညကြည့်မှန်ပြောင်းနဲ့ တူပြီး အဲ့ဒီမှန်ပြောင်းကနေတဆင့် ကိုယ့်လူလား ရန်သူလားဆိုတာ ခွဲခြားသိမြင်နိုင်ပါတယ်။

အဲဒီARမျက်မှန်တွေမှာ GPS systemကို ပေါင်းစပ်ပြီးတော့ ဦးထုပ်တွေမှာ တစ်ခါတည်းတပ်ဆင်ထားပြီးနေ့ရောညပါ အသုံးပြုနိုင်ပြီး ရလာဒ်အနေနဲ့ကတော့ စစ်သားတစ်ဦးဟာ သူတို့ရဲ့တည်နေရာကို သိလိုတဲ့ အခါတိုင်း Map ကို သီးသန့်သွား ကြည့်စရာမလိုပဲနဲ့  AR မျက်မှန်ကနေ တဆင့် သူတို့ရဲ့တည်နေရာကို သိနေမှာ ဖြစ်ပါတယ်။

နောက်တစ်ခုအနေနဲ့က အဲဒီမျက်မှန်ကနေပဲ ရန်သူရဲ့တည်နေရာ ပစ်မှတ်အကွာအဝေးတွေကို ချိန်ညှိဖို့အတွက်ပြပေးပါတယ်။

ဒီနည်းပညာမှာ သူ့ရဲ့ကိုယ်ပိုင် wireless internet ရှိမယ်၊ အဲဒီ အင်တာနက်က ကိုယ့်ရဲ့ အဖွဲ့အချင်းချင်း ဆက်သွယ်ဖို့အတွက် အထောင့်အပံ့ပေးတဲ့ နည်းပညာလဲ​ရှိနေမှာ ဖြစ်ပါတယ်။

 AR နည်းပညာက စစ်သားတွေအတွက် စစ်မြေပြင် အသိအမြင်ကို ပိုတိုးတတ်စေဖို့ နောက်ပြီးသယ်ဆောင်ရမဲ့ ပစ္စည်းတွေကို လျော့ချဖို့၊ ရန်သူနဲ့ တိုက်ခိုက်တဲ့နေရာမှာလဲ ထိရောက်စွာခြေမှုန်းနိုင်ဖို့အတွက် တကယ်ကို အသုံးဝင်တဲ့ နည်းပညာပဲ ဖြစ်ပါတယ်။

Future of AR VR

ယနေ့ခေတ် ကမ္ဘာကြီးမှာ တိုးတက်လာတဲ့ နည်းပညာတွေကြောင့် လူသားတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေဟာ အရင်ကထက်ပိုမို လွယ်ကူ အဆင်ပြေလာနေပြီ ဖြစ်ပါတယ်။

အရင်က တစ်နေရာနဲ့ တစ်နေရာကို ကူးသန်းဆက်သွယ်ဖို့ရာအတွက်လူအင်အား တိရစ္ဆာန် အင်အားတွေကိုပဲ အသုံးပြုပြီး ပင်ပင်ပန်းပန်း လှုပ်ဆောင်လာကြရာကနေ ယနေ့ခေတ်မှာ ခေတ်မှီစက်ပစ္စည်းတွေ တီထွင်အသုံးပြုပြီး လွယ်လင့်တကူ ဆောင်ရွက်လာနိုင်ပြီပဲဖြစ်ပါတယ်။

ခေတ်မှီနည်းပညာများကို အသုံးပြုချင်းအားဖြင့် အချိန် နဲ့ ငွေကို သက်သာစေနိင်သလို လူစွမ်းအားကိုလဲ​ချွေတာရာ ရောက်ပါတယ်။

ဥပမာဆိုကြပါစို့

Sharr တို့ အရင်က အိမ်ခန်းဝယ်ဖို့ အိမ်ခန်းငှားဖို့ဆိုရင် ပွဲစားတို့ ၊ Agent တို့နဲ့ အရင်ချိတ်ရမယ်။ သူတို့ပြတဲ့နေရာကို အချိန်တစ်ခုပေးပြီးသွားကြည့်ရမယ်။ အိမ် (၅) လုံးလောက် ကြည့်ဖို့ကို အနည်းဆုံး (၃)ရက်လောက် အချိန်ပေးရတဲ့ အပြင် သွားစရိတ် စားစရိတ် တွေလဲ ကုန်တယ်၊လူလဲပင်ပန်းရပြီး သေသေချာချာ စေ့စေ့စပ်စပ် ကြည့်ရဖို့ အတော်လေးအားစိုက်ရတာမျိုး ကြုံဖူးကြပါလိမ့်မယ်။

ဒါတောင် ကိုယ့်မြို့တွင်းက နေရာတွေမို့လို့ပါ အဲလိုမဟုတ်ပဲ စီးပွားရေးကိစ္စအတွက် ရေခြားမြေခြားက နေရာတွေကိုသာ စုံစမ်းရမယ်ဆိုရင် ဒီထက်ပိုတဲ့ စားရိတ်တွေ ခွန်အားတွေပိုသုံးရမှာပဲဖြစ်ပါတယ်။

နောင်လာမဲ့အနာဂတ်မှာဆိုရင် Sharr တို့က နေရာပေါင်းစုံက အိမ်တွေ အဆောင်အဦးတွေကို တစ်နေရာတည်းမှာပဲ 3D နည်းပညာကို အသုံးပြုပြီး ကြည့်နိုင်တော့မှာပါ။

ရုပ်ပုံတွေ နေရာတွေကို ကိုယ်တိုင် ကိုယ်ကျ သွားကြည့်ရတာမျိုး မဟုတ်ပဲ VR နည်းပညာကို အသုံးပြုပြီး ထိုနေရာကို ရောက်နေသလိုမျိုး ကြည့်ရှု့လာနိုင်မှာဖြစ်ပါတယ်။

Website တွေ Map တွေကနေပြီးတော့ အိမ်တွေကို လိုက်ရှာနေစရာမလိုတော့ပဲ AR 3D Map ထဲမှာ အဆောက်အဦးပေါင်းများစွာကို ရှာဖွေလာနိုင်တော့မှာဖြစ်ပြီး တိုက်ခန်း ရောင်းတာ ဝယ်တာမျိုးတင်မကပဲ ခန်းမငှားရမ်းခြင်း ဟိုတယ် အဆောက်အဦးနေရာ စုံစမ်းခြင်းစသည်တို့တွင်လဲ AR VR နည်းပညာများ ချိတ်ဆက်ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

အထက်ပါ အကြောင်းအရာများသည် construction, real estate industy အစရှိသောနယ်ပယ်များတွင် နောင်အနာဂတ်အတွက် တိုးတက်လာမည့် နည်းပညာများပင်ဖြစ်ပါသည်။

AR VR ခြားနားချက်နဲ့ MR

AR ဆိုတာ လက်တွေ့ ကမ္ဘာကိုအသုံးချထားတဲ့ နည်းပညာဖြစ်ပြီး

VR ကတော့ ကွန်ပြူတာကမ္ဘာကို အသုံးချထားတဲ့ နည်းပညာပဲဖြစ်ပါတယ်။

AR ကတော့ လက်တွေ့ကမ္ဘာရဲ့ လှုပ်ရှားမှုတွေ တည်ရှိမှုတွေနဲ့ထိန်းချုပ်လို့ ရနေပြီးတော့

VR ကတော့ System ကနေ ထိန်းချုပ်ခြင်းဖြစ်ပါတယ်။

VR ကို အသုံးပြုဖို့အတွက် Headset device တွေ လိုအပ်ပြီး 

AR ကို အသုံးပြုဖို့ဆိုရင်တော့ Smart phone တစ်လုံးပဲ လိုအပ်မှာဖြစ်ပါတယ်။

AR က Virtual world နဲ့ Real world နှစ်ခုစလုံးကို အထူးပြုထားတာဖြစ်ပြီးတော့

VR ကတော့စိတ်ကူးယဉ်ကမ္ဘာတစ်ခုကိုပဲ အထူးပြုထားတာဖြစ်ပါတယ်။

MR ကိုတော့ AR နဲ့ VR ပေါင်းစည်းထားတဲ့ နည်းပညာလို့ပြောလို့ရပါတယ်။

MR ကို အသုံးပြုမယ်ဆိုရင် VR လိုပဲ Headset device လိုအပ်မှာဖြစ်ပြီး

AR မှာမြင်ရသလို Virtual နဲ့ Real world ၂ ခုကို ပေါင်းစပ်မြင်ရမှာဖြစ်ပါတယ်။

AR VR ခြားနားချက်တွေနဲ့ MR အသုံးပြုပုံတွေကို

အောက်ကပုံတွေမှာ ဆက်လက်ကြည့်ရှု့နိုင်ပါတယ်။

What is AI?

AI “Artificial Intelligence” ဆိုတာ Computer စက်ပစ္စည်း အစရှိသည်တို့အတွက် လူတွေရဲ့ အသိဉာဏ်ကို တုပပြီး ထည့်သွင်းထားသော နည်းပညာဖြစ်ပါတယ်။ 

AI ကို နောက်တမျိုး အနေနဲ့ machine learning လို့လဲ ခေါ်ကြပါတယ်။

Sharr တို့ လူသားတွေဟာ အာရုံ ၅ ပါးကို  အာရုံလက်ခံပေးတဲ့ သီးသန့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေက လက်ခံပေးပြီး ဦးနှောက်ကို အကြောင်းအရာ ပို့လွှတ်ကာ တုံ့ပြန်မှု ပြုလုပ်ကြပါတယ်။

Computer နဲ့ စက်ပစ္စည်းတွေ မှာ အဲဒီ အာရုံတွေကို လက်ခံပေးတဲ့ receivers တွေ (ဥပမာ- camera, sensors, keywords etc)က လက်ခံပြီး အသုံးပြုမှု နယ်ပယ်အလိုက် ရေးဆွဲထားသော programming များကတုံ့ပြန်မှု အဖြေများကို ပြန်လည် ပေးပို့ခြင်း နည်းပညာပဲ ဖြစ်ပါတယ်။

ဥပမာ- 

A အတွက် fruit-Apple, Inset-Ant  

B အတွက် fruit-Banana, Inset-Bee

အစရှိတဲ့ keywords တွေကို computer မှတ်ဉာဏ်ထဲ ထည့်သွင်းထားမယ် ဆိုပါစို့။ 

အဲဒီ computer နဲ့ အမေးအဖြေ ပြုလုပ်ရင်အောက်ပါ အဖြေအတိုင်းရရှိမှာ ဖြစ်ပါတယ်။

We ask Question: A fruit

Computer answer: Apple

We ask Question: B Inset

Computer answer: Bee

Keyword AI နဲ့ ပါတ်သက်လို့ Facebook မှာ “Chinese” နဲ့ ပါတ်သက်တဲ့ keywords ရေးသူများ ကြုံတွေ့ဖူးကြပါလိမ့်မယ်။ နောက်တမျိုးပြောရရင် Face Unlock လိုမျိုး Facebook ရဲ့ face recognizing မျိုးတွေကလည်း AI နည်းပညာကို အသုံးပြုပြီး မိမိတို့၏ မျက်နှာ ပုံရိပ်များကို camera မှရယူကာ computer မှတ်ဉာဏ်ထဲ သိမ်းဆည်းပြီး ပြန်လည်တုံ့ပြန်ပေးတာမျိုးဖြစ်ပါတယ်။

Student’s Show 2018

A Step to BIM World Presentation

We presented about How useful the building Information Modelling(BIM), its process and introduction of Virtual Reality related to BIM.

BIM to VR Showcase

Our Journey start in July 2018. It is the time when we first make a showcase of Digital transformation to Virtual Reality from Building Information Modeling. Students from Universities from the whole nation and many companies from Technology field joined in the event.

We first built Building Information Model and export necessary documents and then we prepared Virtual reality method to view 3D model. We can walk, fly, gaze and go around 3D building in our virtual Reality scene. 

See related Blog in here.